part-8(U+Z)

2.4K 61 0
                                    

##Unicode##

ပျိုအထဲရောက်​တော့အခန်းထဲတွင် မွန်းလေးကလွဲ၍မည်သူမျှရှိမနေတော့။အကုန်အပြင်ထွက်သွားကြပြီ။

မွန်းလေးကတော့ကုတင်ထက်တွင်လှဲလျောင်းနေလေရဲ့။ သူမအခြေနေက အိပ်ပျော်နေသည်လဲမဟုတ်။သတိမေ့နေသည်လဲမဟုတ်။အသိစိတ်မရှိတော့တာ။
ပျိုဘယ်လိုများလုပ်ရပါ့မလဲ။

ပျိုဘာမှထပ်မစဥ်းစားတော့ဘဲ ယခင်နည်းတူ
သူမကိုပြန်ခေါ်ဖို့သာ ဆုံးဖြတ်လိုက်သည်။
သူမကိုဆွဲထူကာ။သူမ နားရွက်နှစ်ဖက်ကိုလက်နဲ့အုပ်ပြီး အသက်ကိုဝအောင်ရှူကာ မျက်လုံးစုံမှိတ်ပြီး
သူမကိုနမ်းရှိုက်လိုက်ကာ စိတ်လွင့်လိုက်တော့သည်။

"မွန်းလေး မမအနမ်းကိုခံစားမိရဲ့လား။
မွန်းလေးဘယ်မှာလဲ။မမကိုတွေ့လား။
မွန်းလေးမမပြောတာတွေကြားရဲ့လား။"

အမှောင်ထုထဲတွင်ပျိုလမ်းပျောက်နေပြီ။
အရင်တခါကချက်ချင်းစိုတော့လွယ်သည်။ခုက အချိန်အတော်ကြာသွားခဲ့ချေပြီ။ပျိုသူမကိုပြန်ခေါ်နိုင်ပါတော့မလား။

ထိုစဥ် ပျို့နားထဲတိုးညင်းစွာကြားလိုက်ရသည့်အသံတစ်ခု။

"မမ...."တဲ့လေ

"မွန်း..မွန်းလေးလား။မွန်းလေးဘယ်မှာလဲ။မမကိုတွေ့လား။"

"မမ.. မွန်းကြောက်တယ်။"

"မကြောက်နဲ့နော်။မွန်းလေးမမရှိတယ်နော်။
မမဆီလာခဲ့ပါ။ မမကိုတွေ့ရင် မမနားကိုလာခဲ့ပါ။"

"မမ..မွန်းကိုကယ်ပါ။မွန်းကြောက်တယ်။မွန်းအရမ်းကြောက်တယ်။"

"မွန်းလေး။မမဆီလာခဲ့ပါ။ဘာမှမကြောက်နဲ့ မမရှိတယ်လေကွာ။မမဆီ မြန်မြန်လာခဲ့ပါ။"

"မွန်းမမကိုမတွေ့ရဘူး။မွန်းကြောက်လာပြီမမ"

ပျိုသူမကိုအသည်းသန်လိုက်ရှာမိသည်။သို့သော်အမှောင်ထုကလွဲ၍ဘာမှမတွေ့ရ။

ပျိုစိတ်ကိုငြိမ်ငြိမ်ထားကာ။

"မွန်း..မမပြောတာကြားလား။"

"ဟုတ်ကြားတယ်မမ။"

"ဘာမှမကြောက်နဲ့နော်။မွန်းလေးမျက်လုံးလေးကိုမှိတ်ပြီး မမအသံကိုဘဲနားစွန့် မမအသံဘယ်ဘက်ကလာလဲစိုတာ ရအောင်နားထောင်။မွန်းလေးကတော်ပါတယ်။မမပြောသလိုလုပ်ကြည့်နော်။ မမနံပါတ်စဥ်တွေရေတွက်မယ်။မွန်းလေးကအသံကိုနားစိုက်ထောင်နော်။"

Pity Love🔞(သနားချစ်)Where stories live. Discover now