part-11(U+Z)

2.6K 78 1
                                    

##Unicode##

"မမ.."

မွန်းကအိပ်ချင်မူးတူးလေးနှင့် ပျို့အနားရောက်လာသည်။ပျိုခြံထဲက ဒန်းလေးမှာထိုင်နေတာကြောင့် ဘေးမှာသူမ ဝင်မထိုင်ဘဲ ပျို့ရှေ့မှာဘဲရပ်ကာနေသည်။

"အင်း.."

"မွန်းဘာလုပ်မိလို့လဲဟင်။
မွန်းကိုဘာလို့စိတ်ဆိုးနေတာလဲ။"

သူမဒူးထောက်ထိုင်ချကာ ပျို့လက်လေးတွေကိုဆုပ်ကိုင်ကာဆိုသည်။

"မဆိုးပါဘူး။"

ပျိုလဲစိတ်မဆိုးရချည်ပါဘူး။

"သေချာရဲ့လား။ခုတလော မမ
မွန်းကိုဆက်ဆံတာအရင်လိုမဟုတ်တော့ဘူး။"

"အရင်လိုပါဘဲမွန်းရယ်။မွန်းစိတ်ထင်လို့ဖြစ်မှာပါ။"

"ဟင့်အင်း။မဟုတ်ဘူး။မမမွန်းကိုမချစ်တော့ဘူးလားဟင်။"

သူမအပြောကြောင့် ပျို တစ်နေရာကိုငေးရင်း

"တို့ဘယ်သူ့ကိုမှမချစ်ချင်တော့ဘူး။"

"ဟင်ဘာလို့လဲ။"

"တို့အချစ်ဆုံးသူ။တို့အယုံကြည်ရဆုံးသူက
မကောင်းတဲ့သူဖြစ်နေတာကို တို့မသိရလေအောင်
တို့ကတုံးအ ခဲ့တာ။သူကတို့အချစ်နဲ့မထိုက်တန်ဘူး။
တို့ ဘယ်သူ့ကိုမှလဲ မချစ်ချင်တော့ဘူး။မချစ်ရဲတော့ဘူး။"

"မမဘာတွေပြောနေတာလဲဟင်။
မွန်းဘာမှနားမလည်ဘူး။"

ပျိုသူမကိုတည့်တည့်ပြန်ကြည့်ကာ

"တို့မနက်ဖြန် အိမ်​ြပန်တော့မယ်။"

"ဟင်။ဘာလို့လဲ။"

မွန်းလေးပြာယာခတ်သွားသည်။မမကပြန်တော့မည်တဲ့။

"မနက်ဖြန် ကြီးမြပြန်ရောက်လိမ့်မယ်။
ပြီးတော့ မင်းကိုကြည့်ဖို့ တို့လူတစ်ယောက်ငှားပေးမယ်။တို့အလုပ်တွေပြစ်ထားရတာများနေပြီ။
တို့အလုပ်ကိုဘဲအာရုံစိုက်လုပ်ချင်တယ်။
ဒါကြောင့် မနက်ဖြန် ကစ မင်းကိုယ့်အားကိုယ်ကိုးရတော့မှာ ။အရင်လို မင်းအားကိုးလို့ရမယ့်ငါမရှိတော့ဘူး။"

ပျို့စကားဆုံးတော့ မွန်းလေး မျက်ရည်စတို့ဝဲတက်လာသည်။

"ဟင့် မမကမွန်းကို ထားခဲ့တော့မယ်ပေါ့။"

Pity Love🔞(သနားချစ်)Where stories live. Discover now