part-7(U+Z)

2.3K 63 0
                                    

##Unicode##

"မမ"

"ရှင်မွန်းလေး နိုးပြီလား"

"ဘာတွေလုပ်နေတာလဲ"

"ရှင်​လေးစားဖို့ ချက်ပြုတ်နေတာပေါ့ရှင်"

"မမ"

"ရှင်.."

"ကိုကိုက ပြန်မလာသေးဘူးလားဟင်"

"ပြန်လာမှာပေါ့ အလုပ်တွေမပြီးသေးလို့နေမယ်။"

"ကိုကို့ကို လွမ်းလိုက်တာ။

ပျိုသူမခေါင်းလေးပွတ်ပေးရင်း

"မကြာခင်ပြန်လာတော့မှာပါ မွန်းလေးရဲ့။
မွန်းလေးက လိမ်လိမ်မာမာနေရမယ်နော်။
မွန်းလေးလိမ်မာမှ မွန်းကိုကိုက ပြန်လာမှာတဲ့။"

"မွန်းက မလိမ်မာလို့လား။မွန်းကဆိုးနေလို့လား။"

"မဆိုးပါဘူး။မွန်းလေးကအရမ်းကိုလိမ်မာတာ။
ဒိလိုဘဲအမြဲလိမ်မာသွားနော်။မွန်းလေးဆိုးရင်
တုတ်ကြီးကြီးနဲ့ရိုက်ချင်တာ။"

"ဟွန့်"

"မွန်းလေး။"

"ဟုတ်။"

"ဒီနေ့မမ အပြင်ခနသွားရမယ်။မွန်းလေးအိမ်ထဲမှာဘဲနေနော်။ဘယ်မှလျောက်မသွားနဲ့ကြားလား။"

"မွန်းကောလိုက်လို့ရလား။"

"မမကခနဘဲသွားပြီး​ြပန်လာမှာ မလိုက်ပါနဲ့တော့ မွန်းလေးပင်ပန်းနေလိမ့်မယ်။ပြီးတော့ မွန်းလေးက ကားစီးရတာကြောက်တယ်မလား။"

သူမခေါင်းလေးငုံ့သွားလေရဲ့။
ပျိုသူမကိုပွေ့ဖက်လိုက်ရင်း။

"အိမ်မှာဘဲ နားနားနေနေ နေခဲ့နော်။ မမ မကြာဘူးခနဘဲ။"

"ဟုတ်ကဲ့ပါ။"

"လိမ်မာတယ်။ပြန်လာရင်မုန့်တွေဝယ်ခဲ့ပေးမယ်။မွန်းလေးဘာစားချင်လဲ။"

"အင်းးးး"

သူမခနစဥ်းစားနေပြီးမှ

"မမ လုပ်တဲ့စတော်ဘယ်ရီကိတ်ဘဲစားမယ်။အဲ့ဒါကအကောင်းဆုံးဘဲ အရမ်းအရသာရှိတယ်။"

"ဟုတ်ပါပြီ။ဒါစို လိုအပ်တာဝယ်ပြီး ကိတ်ဖုတ်ပေးမယ်။"

"ဟုတ်ကဲ့။"

Pity Love🔞(သနားချစ်)Where stories live. Discover now