##Unicode##
"သော်တာမောင်!!"
ပျိုအော်လိုက်တော့သူမကမျက်နှာငယ်လေးနှင့်။
"မမကလဲမွန်းလေးပါဆို"
"နင်မရှည်ပါနဲ့ အဲ့နာမည်ကငါပေးခဲ့တာပါ။ငါခေါ်ချင်သလိုခေါ်မယ်။ နင့်အပြစ်နင်သိတယ်နော်"
"ဟုတ်"
"သွားခုချက်ချင်းထ!! ငါ့ရှေ့မှာထိုင်ထအခါ၁၀၀လုပ်"
"ဟမ်!!"
ပျို့ကိုကြောင်တောင်တောင်ကြည့်လာတဲ့သူမကြောင့်ပျိုသူမကိုဆွဲထလိုက်သည်။
"ထရပ်!လက်ကနားရွက်ကိုဆွဲ!!ထိုင်!!... ထ!!"
ပျိုခိုင်းသည့်အတိုင်း ကြောင်တောင်တောင်လေးနဲ့
လိုက်လုပ်နေသောသူမကို ပျိုရယ်ချင်မိသော်လည်းစိတ်ကိုထိန်းကာ..."ထိုင်!!...ထ!! အဲ့လိုအခါတစ်ရာလုပ်"
"အခါတစ်ရာဆိုတာဘာကိုပြောတာလဲဟင်မမ"
"ဟဲ့နင် စာမတတ်ဘူးလား ၁ကနေ၁၀၀ထိလေ။
၁၂၃၄၅၆....""မွန်းမှစာမတက်တာ.."
"ဟမ်!!ဘာပြောလိုက်တယ်"
"မွန်းမှပညာမတတ်တာ"
"ဒါတကယ်လားကြီးမြ သူစာမတတ်တာ..."
"ဟုတ်တယ်သမီးပျို သူကျောင်းမနေရဘူးလေ။"
"မဟုတ်သေးပါဘူး ကျောင်းမနေရလဲ ကိုယ်အိမ်မှာဂိုက်ခေါ်ပြလို့ရတာဘဲ နေယံမောင်လုပ်တာ မဟုတ်သေးပါဘူး။"
"ကြီးကြီး မွန်းလေးကို ရေထားပေးနော် မွန်းလုပ်တာပြည့်ပြီဆိုပြော..."
ပြောကာသူမက ပျိုခိုင်းသည့်အတိုင်းလုပ်နေတော့သည်။
"အေးပါအေးပါ။၁...၂.."
"ထားလိုက်တော့။မလုပ်နဲ့တော့။နောက်ခါစိတ်ပူရအောင်လုပ်ကြည့် နင်အသေဘဲ။လာဒီမှာလာထိုင်"
"ဟုတ်.."
သူမပျို့အနားလာထိုင်သည်။
"နင်ဘာစားပြီးပြီလဲ"
"ခေါက်ဆွဲ"
"စားပြီးရင်ပြီးတာဘဲ ။ငါပြန်တော့မယ်။ကြီးမြသမီးပြန်တော့မယ်"
YOU ARE READING
Pity Love🔞(သနားချစ်)
Short Storyမွန်းအကြောက်ဆုံးက အမျိုးသမီးတစ်ယောက်တဲ့။ 🔞ပါတာမို့ ကလေးတွေမဖတ်ကြနဲ့နော် သတိပေးတာ။