part-20(U+Z)

2.7K 106 7
                                    

##Unicode##

"အစ်မ!!!"

မွန်းတစ်ယောက် မှိုင်းအိမ်ရောက်သည်နှင့် မှိုင်းကိုအော်ခေါ်နေသည်။

"သော်တာမောင်!!မင်းဘာလာလုပ်တာလဲ"

မွန်းကိုတွေ့တော့ အစ်မကဒေါသထွက်နေဟန်။

"ဟမ်!!အစ်မ မွန်းကိုဘယ်လိုပြောလိုက်တာလဲ"

"မင်းအခုချက်ချင်းငါ့အိမ်ထဲကထွက်သွား"

အစ်မကတံခါးဝကိုလက်ညိုးညွှန်ပြကာဆိုသည်။

"ဟင်!!ဘာလို့လဲအစ်မ မွန်းကိုစိတ်ဆိုးနေတာသိပေမယ့်
မွန်းကိုခုလိုတော့မဆက်ဆံပါနဲ့လားဟင်။မွန်းမနေတတ်ဘူး"

"မင်းမနေတတ်တာ ငါကဘာလုပ်ရမလဲ။အဲ့ဒါမင်းစောက်ကြောင်းလေ"

"ပြောရက်လိုက်တာအစ်မရယ်။အစ်မဘာဖြစ်နေတာလဲ"

အစ်မစကားတွေကိုမွန်းခံနိုင်ရည်မရှိပါ။နဲနဲလေးလေသံမာရင်ကိုဝမ်းနည်းတတ်တဲ့မွန်းက ခုလိုပြောခံ​ေနရတာ အရမ်းကိုနာကျင်ရပါသည်။

"ငါ့ဟာငါဘာဖြစ်ဖြစ် မင်းအပူတပြားမှမပါဘူး"

"အစ်မရယ် မွန်းတောင်းပန်ပါတယ်။မွန်းကိုစိတ်မဆိုးပါနဲ့နော်။"

"စိတ်ဆိုးတာလား။ဟား ကလေးကလားကွာ။"

"စိတ်မဆိုးရင် အစ်မကဘာဖြစ်နေတာလဲ"

"မင်းနဲ့မပတ်ချင်တော့ဘူး။ငါနဲ့ဝေးဝေးမှာနေပေးပါလား။မင်းလိုလူလိမ်တစ်ယောက်နဲ့ ငါပေါင်းရင် ငါပါလူလိမ်ဖြစ်သွားလိမ့်မယ်"

"အစ်မ!!"

မွန်းကိုလူလိမ်တဲ့အစ်မမို့ပြောထွက်တယ်။မွန်းနေရာမှမဝင်ဖူးတာအစ်မရယ်ပြောရက်မှာပေါ့။

"ဒါကြောင့် နောက်ငါ့ဆီမလာပါနဲ့။ငါနဲ့လဲမပတ်သတ်ပါနဲ့"

"ကောင်းပြီလေ။အစ်မကခုလိုပြောနေမှတော့ မွန်းလဲလာစရာအကြောင်းမရှိဘူး။အစ်မ.မရှိလဲ မွန်းဘဝကဖြစ်တယ်"

"အင်း။ခုတော့ သွားတော့"

"တောက်စ်!!"

မွန်းစိတ်တိုစွာနဲ့ တောက်စ်တစ်ချက်ခေါက်ကာ မှိုင်းအိမ်ထဲမှထွက်လာခဲ့သည်။ကျလာတဲ့မျက်ရည်စတွေကိုလက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းလေးသုတ်ပြစ်ကာ
နောက်ဒီအိမ်ရိပ်ကိုထပ်မနင်းဖို့လဲဆုံးဖြတ်လိုက်သည်။

Pity Love🔞(သနားချစ်)Where stories live. Discover now