Part 25

153 2 1
                                    

🖤အမုန်းနှောင်ကြိုး🖤               (အပိုင်း ၂၅)

"Win ဒီနေ့ဘာနေ့လဲ"

စောင်တွေခေါက်နေသည့် Win အနားလာကပ်ကာ မေးခွန်းထုတ်နေသူက Bright ဖြစ်သည်။ Win အလိုမကျစွာကြည့်ပြီး

"ဒီနေ့က သီတင်းကျွတ်လပြည့်နေ့လေ"

"အင်းလေ သီတင်းကျွတ်လပြည့်နေ့ ကိုယ်သိတယ်လေ၊ ဒီနေ့ ဘာတေ့လဲလို့"

" လုပ်နေတဲ့ မျက်နှာက စပလိန်မျက်နှာ၊ အမြင်ကတ်စရာကောင်းလိုက်တာ အရမ်းပဲ။ သူမေးနေသည်ကို Win မသိပဲနေမလား ဒီနေ့က Win နဲ့သူ စဆုံဖူးသည့်နေ့ဖြစ်သည်။ ဒါကို မသိချင်ယောင်ဆောင်ကာ Win ပြောလိုက်သည့်စကားက

"ဥပုသ်နေ့လေ ဖိဘိုက်ရဲ့၊ ဘာလဲ Win ယောက်ျား ဖိဘိုက်က ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သွားစောင့်မို့လား၊၊ ရတယ် ရတယ် Win ဆွမ်းတစ်အုပ်ချက်ထားလိုက်မယ်၊ ဖိဘိုက်သာ မျက်နှာသစ်ပြီး ဘုန်းကြီးကျောင်းသွားဖို့ ပြင်ထားလိုက်နော်"

စကားဆုံးတော့ လှည့်ထွက်သွားသော အကောင်ပေါက်၊ အရိပ်ပြလဲအကောင်မမြင်

ကျစ် ဒီအကောင်ပေါက်နဲ့တော့ ဒီအတိုင်းဆို အောင့်အီးသည်းခံပြီး ဘုန်းကြီးကျောင်းသွားရပေအုံးမည်။ (🤣)

တပည့်တော် ကုသိုလ်မရချင်နေပါဘုရား၊ မိန်းမကိုတော့ မလွမ်းပါရစေနဲ့

Bright တစ်ယောက်ထဲ စိတ်ရှုပ်စွာညည်းညူးရင်း မယားတဲ့ခေါင်းကို အသာအယာကုတ်နေမိလေသည် (တိုင်ပတ်ပြီ🤣)

"ဒယ်ဒီ"

သူရှိရာအခန်းထဲ ပြေးဝင်လာကာ ကုတင်ပေါ်ပြေးတတ်တဲ့ ပေါက်စလေး။ Bright Vachirawit ဆိုသော သူ့ရဲ့ ကိုယ်ပွားလေး

သူဆွဲခေါ်လိုက်တော့ ရင်ခွင်ထဲရောက်လာသည့် သားသားကို ငုံ့နမ်းလိုက်ပြီး

"ဒီနေ့ သားတို့ကို ဒယ်ဒီ ချင်းမိုင် လိုက်ပို့မယ်"

"ယေး တကယ်လား"

သူ့စကားကြောင့် သားကမွေ့ယာကြီးပေါ်မှာ ပျော်ရွှင်စွာခုန်ပေါက်နေလေသည်။ ထို့နောက် သားက သူ့အနားတိုးကပ်လာပြီး

"ပါးပါးကပြောတယ်၊ ဒယ်ဒီက ဘုန်းဘုန်းကျောင်းသွားမလို့ဆို"

You've reached the end of published parts.

⏰ Last updated: Dec 28, 2023 ⏰

Add this story to your Library to get notified about new parts!

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now