Part 11

102 2 1
                                    


"မနေ့ညက ပွဲမတက်ဘဲ ဘာလို့ ပြန်သွားတာလဲ Bright ရာ"

သူ့ အရှေ့ဝင်ထိုင်ရင်း မူနွှဲ့နွှဲ့ဆိုလာသူက  San ပင်။

ကျစ်။
စိတ်ရှုပ်နေရသည့် အထဲ သူမက တစ်မျိုး။ Bright အလုပ်စားပွဲပေါ်မှ  dress တစ်ထည်ချုပ်ရန် ဆွဲလက်စပုံကြမ်းကို ခဏရပ်လိုက်ပြီး

"ကိုယ် အလုပ်လေး နည်းနည်းရှုပ်သွားလို့ San၊ နောက်တစ်ခါဆို Sanရဲ့  fashion  show ပွဲကို မပျက်မကွက် တက်ရောက်ပေးပါမယ်San"

"ဒါပဲနော်၊ Sanက Bright ပြောပြီးရင် အတည်ယူပြီးပဲ၊ Sanကလေ Bright ရဲ့ အဟီး "

ကျွစ်။ စိတ်ရှုပ်ရသည့် အထဲ ဒီလင်တရူးမက တစ်မျိုး။ သူ သိတာပေါ့ ။ ဒီနှစ်တွေထဲ San ဆိုသည့် ထိုအမျိုးသမီး သူ့ကို ရေလာမြောင်းပေးလုပ်နေသည်ကို။ မသိသလုပ် သူ နေသည်မို့  San နှင့် ပတ်သတ်ပြီး အထွေအထူးတော့ သိပ်စဉ်းစားမနေတတ်တော့ပေ။

"San ကိုယ့်ဆီလာတာ ဘာကိစ္စလဲ"

"ဘာရယ်မဟုတ်ပါဘူး၊ ဟိုနေ့က ကိစ္စကို မကျေနပ်လို့ ရန်လာတွေ့တာ အဟွန့်"

"သြော်"

သူ့ ပုံစံက ခပ်ပေါ့ပေါ့ပင်။  San သူ့ကို ကြည့်ပြီး စိတ်အလိုမကျချင်တော့ပေ။

"ညနေလေ ညစာ အတူတူစားရအောင်လား Bright"

"sorry ပဲ San၊ ကိုယ့် အချိန်တွေ အဲ့လောက်မပေါဘူး၊ ဒီ dress ဒီဇိုင်းကို အပြီးလုပ်ရမှာမို့ San"

"Bright ကလည်းကွာ ခဏလေးကို"

"San!!"

Bright စိတ်တိုစွာ အော်မိလေတော့ San မျက်နှာငယ်လေးဖြင့်

"Bright သဘောပါ ၊ ဒါဆို San သွားတော့မယ်"

"အင်း"

စိတ်အလိုမကျခြင်းများစွာဖြင့် Sanထွက်သွားတော့ Bright ခေါင်းကိုသာ ဘယ်/ညာ ယမ်းပြီး ကျန်ရစ်ခဲ့လေတော့သည်။
                                 🖤🖤🖤

"ဒီဆိုင်ကို ငါ့ကို ချိန်းရတဲ့ အကြောင်းပြောပါဦး Win"

Win အရှေ့မှ ခုံအလွှတ်တွင် ဝင်ထိုင်ရင်း  Dew ‌မေးလိုက်တော့

"ဘာမှ အထွေအထူး မဟုတ်ပါဘူး၊ Dewရဲ့ ပန်းချီပြခန်း ဖွင့်ပွဲက ဘယ်နေ့လဲ သိချင်တာ"

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now