Part 6

110 5 1
                                    

မောင်က လက်ခံမည်တဲ့။ Honey အတိုင်းမသိပျော်မိလေသည်။ ဒါ ဒါဆို Honey ကို မောင်ချစ်နေသေးတယိပေါ့။
ကိုယ့်အတွေးနှင့် ကိုယ့် Honey ပြုံးနေမိလေသည်။

"Honey မောင့် အနားကို Pamအဖြစ် မကြာခင် ပြန်လာပါမယ် မောင်ရယ်"

"လွမ်းတယ်မောင် အရင်အချိန်တွေကို ၊ မြတ်နိုးခဲ့ရတဲ့ မောင့် အနားကနေ Honey ဒီတစ်ခါ ထွက်မသွားတော့ပါဘူး မောင်ရယ်"

မောင့် နှင့် အဝေးဆုံးကို ရောက်မှ မောင့်ရဲ့ အချစ်တွေကို သူမ နားလည်ခဲ့လေသည်။  မစ္စတာဘမ်တန်နှင့် လက်ထပ်ပြီးမှ သိခဲ့သည့်က အချစ်မပါသည့် အိမ်ထောင်ရေးက ဘယ်တော့မှ မသာယာခဲ့ဘူး ဆိုတာပါပဲ။ သူမ မောင်နှင့် လက်ထပ်မည်။ ပြီးလျှင် Honey၏ သားလေး အတွက် မောင့်ကို ဖခင်နေရာ အစားထိုးရမည်။

"သားရယ် မာမီ လွမ်းလှပါပြီ"

၅လအရွယ်နှင့် ကျန်ခဲ့သော သားလေးက အဆင်မှ ပြေပါလေစ။  အဝေးကို ငေးကြည့်ရင်း သူမ မျက်ဝန်းတွေက ရီဝေလျှက်။
                               🖤🖤🖤

"ထိုင်လေ Honey၊ ဒါက ကိုယ့်အိမ်"

"အိမ်ကို ထမင်းဖိတ်ကျွေးတဲ့ အတွက် ကျေးဇူးတင်တယ်နော် Bright"

Honey စကားကြောင့် Bright ပြုံးလိုက်ပြီး

"ကိုယ်တို့က မိတ်ဆွေတွေပဲလေ"

"ဖိဘိုက် ပြန်လာပြီလား  ဟင် ၊ ဧည့်ခန်းတွင် ဖိဘိုက်နှင့် အတူ ရယ်မောစွာ စကားပြောနေသော အမျိုးသမီးကြောင့် Win မျက်ဝန်းလေးတွေ မယုံနိုင်အောင် ပြူးကျယ်သွားရလေသည်။

"ဟင် Winmetawin "

Honey မထင်မှတ်လေဘဲ Winကို မောင့်အိမ်မှာ တွေ့လိုက်ရသဖြင့် အံ့သြသွားမိလေသည်။

"သြော် ဟုတ်တယ် ၊ ငါ ပြန်လာတာ မင်း ဘာလို့ ထွက်မကြိုတာလဲ"

"ဟိုလေ Win နေမကောင်းနေလို့"

"ဟင် ဟုတ်လား၊ မှန်းစမ်း"

Win အနားကို လျှောက်လာကာ Winနံဖူးကို စမ်းနေသော ဖိဘိုက်ရဲ့ အပြုအမူက အထူးအဆန်းပင်။

"ကိုယ်လည်းမပူပါဘူး၊ ဘာဖြစ်တာလဲ"

မျက်မှောင်ချီကာ မေးလိုက်သော ဖိဘိုက်‌ကြောင့်

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now