🖤အမုန်းနှောင်ကြိုး🖤 (အပိုင်း ၂၄)
အရာအားလုံးအဆင်ပြေပြီဆိုတော့လေ နေ့ရက်တိုင်းဟာအချစ်တွေနဲ့လှပနေလေသည်။ ချစ်ရပါသော သားနှင့်အတူ ချစ်ရပါသော ခင်ပွန်းလေးက Bright Vachirawit ဆိုသော လူတစ်ယောက်အတွက် အသဲအသက်ဖြစ်ခဲ့ရလေသည်။
"အကိုလေး Win"
အိမ်ထဲသို့ အပြေးတစ်ပိုင်းဝယ်လာပါသော ဟန်သစ်။ သူက Win ရှိရာ မီးဖိုထိ ရောက်လာလေသည်။
Win ဟင်းချက်နေရာမှ ဟန်သစ်ကိုတွေ့လိုက်ရ၍ မယ်ဥကို ဟင်းချက်စရာများလက်လွှဲခဲ့ပြီး ဧည့်ခန်းသို့ထွက်ခဲ့လေသည်။
"မောလိုက်တာ ခွန်ဟန်သစ်ရယ်၊ ဘာဖြစ်လာတာလဲဟင်"
"အဟီး"
"ဟင်"
သွားဖြီးရယ်ပြနေသော ဟန်သစ်ကို Win မျက်ခုံးပင့်ကြည့်လိုက်တော့
"ဆရာက ညနေ show ပွဲရှိတယ်တဲ့၊ show ပွဲပြီးတာနဲ့ သူ့မိတ်ဆွေရဲ့ birthday party ဝင်စရာရှိတယ်တဲ့၊ အဲ့ဒါ အကိုလေးကို ပြင်ဆင်ထားပါတယ် လာခေါ်မယ်တဲ့၊ သြော် show ပွဲအတွက် ဝတ်စုံချုပ်ထားတာလဲပေးလိုက်တယ်"
ဟန်သစ်လက်ထဲက ဝတ်စုံထည့်ထားတဲ့အိတ်ကလေးကို Win လှမ်းယူလိုက်ပြီး ယောက်ျားဖြစ်သူရဲ့ စေ့စပ်သေချာမှုအတွက် ပြုံးလိုက်မိလေသည်။ ဖိဘိုက်ရဲ့အမုန်းတွေပြယ်ပြီးချိန်မှ စ၍ ဖိဘိုက်ရဲ့အချစ်တွေက သားအတွက်အပြင် သူ့အတွက် အရာရာဖြစ်ခဲ့လေသည်။
မေတ္တာဆိုတာ ရောင်ပြန်ဟပ်ရိုးမှန်၍ ဖိဘိုက်အချစ်တွေ ပြန်လည်ရရှိခဲ့သည့် သူ့အတွက် အခုလက်ရှိရော နောင်ရော ချစ်ရသူက ဖိဘိုက်တစ်ယောက်ရယ်ပါ။
🖤🖤🖤အပြာနုရင့်ရောင် အနောက်တိုင်းဝတ်စုံလေးနဲ့ အချောမောလွန်းသည်ထက် လှရက်လွန်းနေသူက ကျွန်တော်ရဲ့အသက်တမျှချစ်ရပါသောအမျိုးသားလေး Winmetawin ဖြစ်လေသည်။
အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် ဆံပင်ကိုတဝက်တပျက်စည်းနှောင်ထားပြီး အရှိန်အဝါအပြည့်နဲ့ချောမောနေသော မော်ဒယ်ကောင်လေးနှင့် အပြာနုရင့်ရောင်ဝတ်စုံလေးနဲ့လိုက်ဖက်စွာ ဖြူနုကြည်လင်နေသောအသားအရည်နှင့် ချောသည်ဆိုတာထက် လှရက်လွန်းနေသောကောင်လေး၊ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ကာ ပွဲတတ်လာသည့် သူတို့စုံတွဲကို ပါးစပ်အဟောင်းသာဖြင့် ငေးကြည့်နေကြသည်။