"မင်း ဘယ်က အလေလိုက်ပြီး ပြန်လာတာလဲ""ဟို ဟိုလေ"
မှုန်သိုကာ မျက်မှောင်ချီထားသော Bright ကို ကြည့်ပြီး Win ကြောက်ဒူးလေးပင် တုန်နေရရှာသည်။
"မင်းကို မေးတာပဲဖြေ"
"ဟိုလေ Win ဝက်သားဒုတ်ထိုး စားချင်လို့ လမ်းထိပ်ထွက်ဝယ်တာပါ"
"ဘာ ပေးစမ်း အဲ့ဒီအထုတ်"
"ဖိဘိုက် ပြန်ပေးပါ"
Win လက်ထဲမှ ဆွဲလုခံလိုက်ရသော ဒုတ်ထိုး ဘူးလေးကို မရမက လိုက်လုသော်လည်း Bright က မပေးပေ။
"ဟာ သွားပါပြီ"
ပြတင်းတံခါးမှ တစ်ဆင့် အပြင်ဘက်ကို ပစ်ထုတ်လိုက်သဖြင့် Win ဝမ်းနည်းစိတ်ကို တားဆီးမရအောင် ငို ရှိုက်မိလေတော့သည်။
"ခင်များကြီး အရမ်းရက်စက်တယ်၊ သူများ စားချင်လို့ ဝယ်လာတာကို လူညစ်ပတ်ကြီး လွှင့်ပစ်တယ်"
"ကျစ် တော်စမ်း Winmetawin၊ ကလေးလိုလို ပွေးလိုလို လုပ်မနေနဲ့"
Win မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး
"အေးပေါ့ Winက ဖိဘိုက် စေလိုရာစေလို့ရတဲ့ အရုပ်ပဲ"
"တော်စမ်း၊ မင်းကိုယ်မင်း အပြစ်မဲ့တဲ့ ကလေးပုံစံလုပ်မနေနဲ့ ၊ မင်းကို သနားမဲ့ ကောင်တွေထဲမှာ Bright Vachirawit ဆိုတဲ့ ကောင်မပါဘူး၊ ပြောစမ်း အခုန မင်းနဲ့ပြန်လာတဲ့ ကောင် ဘယ်သူလဲ"
Win အနည်းငယ်တွေဝေသွားပြီးမှ နှုတ်ခမ်းတစ်စုံကို မဲ့လိုက်ပြီး ဖြေလိုက်သည့်က
"Win ချစ်သူ"
"ဘာ"
"အား"
Win ပစောင်ကို လက်နှစ်ဖက်ဖြင့် ဆွဲညစ်လိုက်ပြီး
"ပြန်ပြောစမ်း အခုန စကား"
"Win Win Winချစ်သူ အွန့်"
နှုတ်ခမ်းပါးလေးထက် ကျကျောက်လာသော အနမ်းတစ်ပွင့်။ ထို အနမ်းက ချိုမြိန်ခြင်းလား ခါးသက်ခြင်းလား Win မဝေခွဲတတ်ပေ။
"မင်း ငါကလွှဲရင် အခြားသူ ကို ချစ်ခွင့် မရှိဘူး"
"အား"