Part 1

3.5K 85 5
                                    

မီးရောင်စုံတွေအောက်တွင် လူအများ လူပ်လူပ်ယွယွဖြင့်ကခုန်နေကြသည် သေချာသည်က ထိုလူများစွာထဲတွင် လူကောင်းက20%လောက်သာရှိမည် ကျန်80%လောက်ကတော့ လူရူပ်လူပွေများသာဖြစ်သည် သူ ဝိုင်ခွက်အားလူပ်ရမ်းကာ မျက်လုံးများမှိတ်ထားရင်း သံစဥ်ထဲသို့စီးမျောနေလိုက်သည်

"လွန်းစေရာ အဲ့ဝိုင်းပြီးရင် ဒီဘက်ဝိုင်းလာပေးပါအုန်း"

လွန်းစေရာနောင် အသက်25 နှစ်ရှိပြီးဖြစ်သော လူငယ်လေးတစ်ဦး မိဘတွေက သူငယ်စဥ်ထဲကမတော်တဆမူတစ်ခုကြောင့် ဆုံးပါးခဲ့ရသည် ထို့ကြောင့် တစ်ဦးတည်းရှိသောမိသားစုဝင်အဖွားဖြစ်သူနှင့်သာ အတူနေထိုင်လာခဲ့သည် တစ်နည်းအားဖြင့်ဆိုရရင် Grandmother boy ပေါ့ လက်ရှိတော့ထိုBarလေးတွင် ဖျော်ရည်ဆရာဖြင့်ဝင်ရောက်လုပ်ကိုင်နေသည်

"အေး ငါ ခနနေလာခဲ့မယ် "

ကိုင်ထားသော ဝိုင်ခွက်အား ဘေးနားရှိဝိုင်းတွင်ချထားလိုက်သည်

" ကောင်လေး ကိုယ်တို့နဲ့တူ ပျော်စရာလေးတွေဖန်တီးကြမလား"

အနားတွင်ဟိုထိဒီထိလာလုပ်နေသော လူကို မထင်မှတ်မြင်သဘောကြည့်လိုက်သည်

"ကျုပ်အဲ့ဒါတွေ မလုပ်ဘူး "

"စျေးကိုင်ချင်တာလား တောင်းသလောက်ပေးမယ် "

ထိုလူလက်များက ခါး၌လျှိုဝင်လာတော့ သူစိတ်ပျက်သွားရသည် ဒီလိုလူမျိုးများကို သူနေ့တိုင်းတွေ့ရပါသည် တနည်းမဟုတ်တနည်း သူအားအပိုင်သိမ်းချင်နေကြသောသူများကိုလည်း အတော်လေးစိတ်ပျက်နေမိသည်..
ဘေးတွင်ရှိသော ဝိုင်ပုလင်းကို သူကြည့်လိုက်သည် ပြီးသော

"အာ့ မင်း "

ထိုလူက နာကျင်သွားသော ခေါင်းကိုကိုင်ကာထိုနေရာတွင် အော်ညည်းနေတော့သည် လွန်း က ထိုလူ၏ရင်ဘက်အား အားကုန်စောင့်ကန်ထည့်လိုက်သည်

"နောက်ခါ ကျုပ်ကိုဒီလိုတွေလာမလုပ်နဲ့ သိပ်ရွံဖို့ကောင်းတယ်"

ထွီ!

ထိုလူမျက်နှာရှေ့သို့ တံထွေး ထွေးချကာ ထွက်လာလိုက်သည် အနောက်တွင်သူ့အားမကျေနပ်ခြင်းများစွာဖြင့်ဆဲဆိုကြိမ်မောင်းသံများကြောင့် နူတ်ခမ်းတို့ဖွင့်ဟကာ ရယ်လိုက်သည် လူတွေ သူတို့လိုချင်တာမရရင် ပုံစံတစ်မျိုးပြောင်းသွားတက်ကြတာပဲ

My Ex-boyfriend  My husband [ Ongoing ] Where stories live. Discover now