Bloody Love part- 60🖤

258 15 0
                                    

ညဘက်ရောက်တော့ အနောင်တွေးထားသည့်အတိုင်း မာမီဟာ ပြင်းထန်စွာဖျားတော့သည်။ အဖျားကြီးသည့်တိုင် မျက်နှာများက ရဲနေပြီး ရေပတ်တိုက်တာတောင်မပြောက်ချေ။

"အင်း.....Baby"

"ဟုတ် Babyရှိတယ်နော်"

မာမီက သူ့လက်အားစုပ်ကိုင်ထားသည်မှာ မလွတ်ပေးဘဲ တချက်ချက် သူ့အား ယောင်ကာ ခေါ်နေတတ်သည်။ ထိုအခါ ပြန်ဖြေရသည်မှာလည်း အမော။

"အာ....ရေခဲက ကုန်ပြန်ပြီ"

ရေခဲကုန်နေသော ရေဇလုံကိုကြည့်၍ အနောင်စိတ်ပြတ်စွာ ရေရွတ်လိုက်သည်။

"မာမီ Babyရေခဲသွားထည့်မလို့ ခဏနော်"

ခုံပေါ်ကထကာ သွားမည်အလုပ် လက်ကိုမလွှတ်ပေးသည့်မာမီကြောင့် အနောင် ကြောင်သွားရသည်။

"ဟင့်အင်း...မသွားပါနဲ့...မထားခဲ့ပါနဲ့....ကျေးဇူးပြုပြီး ဟင့်"

သူ့လက်အားလွှတ်မပေးဘဲ ယောင်ယောင်မှားမှားပြောနေသော မာမီဟာ တစ်ခုခုကိုအတော်ကြောက်လန့်နေပုံ။ မျက်ရည်များစီးကျလာသည်အထိ ပြောနေတာကိုမရပ်ဘဲ သူ့လက်အား တင်းကျပ်စွာစုပ်ကိုင်ထားတာကြောင့် အနောင် မာမီကိုသနားလာရသည်။

"မထားခဲ့ပါနဲ့...အင့် Baby"

မျက်ဝန်းများဟာ ပွင့်ဟလာပြီး ငိုကာသူ့လက်အား ပိုပြီးတင်းကျပ်စွာ စုပ်ကိုင်လာသည်။ အဖျားကြောင့် လက်ဝါးအစုံက နွေးနွေးဖြစ်နေတာကြောင့် အနောင့်ရဲ့လက်ကလေးပင် ချွေးတွေထွက်လာတော့သည်။

"ဘာလို့ထားခဲ့ရမှာလဲဗျ....မငိုနဲ့တော့နော်....မွ!"

မျက်ရည်များကိုသုတ်ပေးကာ နဖူးပြင်နွေးနွေးကို အနောင်နမ်းရှိုက်လိုက်သည်။

"ချော့သိပ်~"

အသံတိုးတိုးလေးဆိုပေမယ့် အနောင်ကြားလိုက်ရသည်။

"အယ် Babyက ချော့မသိပ်တတ်ဘူး"

"ဟင့်! ချော့သိပ်!"

မျက်ရည်များပြန်ဝဲလာကာ ငြိတာကြောင့် အနောင်တိုင်ပတ်ရတော့သည်။ ခက်တာ သူမှသီချင်းမဆိုတတ်တာ။ သို့ပေမယ့် မာမီကိုသနားပြန်တာကြောင့် ဆုံးဖြတ်ချက်ချရတော့သည်။

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now