Bloody Love part- 35🖤

253 19 0
                                    

​နောင်နောင်တစ်ယောက် စိတ်နဲ့ကိုယ်နဲ့မကပ် စိတ်က မာမီစီသာရောက်နေပြီး သင်နေသည့် စာကိုလည်း ခေါင်းထဲမရောက်....

"တောင် တောင် တောင်"

ကျောင်းခေါင်းထိုးသည်နှင့် ကျောင်းသားအားလုံး ဆရာကို နှုတ်ဆက်ကာ canteenကို ထွက်သွားကြသည်....

နောင်နောင်တစ်ယောက် ချက်ချင်း ဖုန်းကိုထုတ်လိုက်ပြီး "မာမီ💓"ဆိုတဲ့ contactလေးကို နှိပ်လိုက်သည်.....

*ဒူ ဒူ....*

"ဟလို📞"

တစ်ဖက်က မာမီသည် ပြင်းရှရှအသံဖြင့် စကားဆိုသည်

"မာမီ ဘာလုပ်နေတာလဲ"

*ဒိုင်း💥*

​စကားပြောနေတုန်း တစ်ဖက်က သေနတ်သံကိုကြားတော့ ရင်ထဲတစ်မျိုးဖြစ်သွားသည်......

"မာ... မာမီ"

"အာ....နောင်လေး မာမီနောက်မှပြန်ဆက်မယ်📞"

ချက်ချင်းဆိုသလို ဖုန်းကိုချသွားလေသည်.....

နားထဲမှာတော့ ထိုသေနတ်သံက ပဲ့တင်ထပ်နေသည်.....

မာမီအဆင်ပြေလောက်မှာပါ......

......................

*ကျစ်!*

"သေနတ်သံက ဘာလို့အဲ့လောက်ကျယ်နေရတာလဲ!"

စုပ်သက်တစ်ချက်သက်လိုက်ပြီး တစ်ဖက်က လူရဲ့ ခေါင်းကို သေနတ်နဲ့ချိန်ထားတဲ့ အံ့ထွဋ်မင်းနွယ်ကို လှမ်းအော်လိုက်သည်.....

ဟိုတလောက ဖူးငယ်ကို နှောင့်ယှက်ကြတဲ့ မိန်းမနဲ့ သူ့အဖေကို ကြိုးတုပ်ကာ နှိပ်ဆက်နေခြင်းဖြစ်သည်....

အဆုံးသတ်မည့်အချိန် နောင်လေးက ဖုန်းဆက်တာကြောင့် ဖုန်းပြောနေချိန် သကောင့်သား အံ့ထွဋ်မင်းနွယ်က ပြစ်ချလိုက်လေသည်...

ဒါကို သူ့ရဲ့ ကလေးလေးက ကြားသွားသည်ထင်သည်။ အသံတုန်တုန်ရင်ရင်နဲ့ သူ့အားခေါ်သည်....

ဒါကြောင့်မို့ ဖုန်းအမြန်ချကာ မင်းနွယ်ကို အော်လိုက်သည်.....

"ဟ မဟုတ်လဲ ကျယ်နေပြီးသားကိုကွာ....."

"ဒါတော့ဒါပေါ့...."

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now