ရုံးခန်းထဲရောက်သည်နှင့် မျက်ရည် တစ်စမ်းစမ်းလုပ်နေနဲ့ ထက်ဧကရီနဲ့အတူ သူ့ဘေး၌ အသက်50ကျော် လူကြီးတစ်ယောက်က ရပ်နေသည်.....
သူ့အား မြင်သည်နှင့် လူကြီးမျက်နှာဟာ သွေးမရှိတော့သလို ဖြူစုတ်သွားသည်.....
ဒါကိုတော့ ထက်ဧကရီ မမြင်လိုက်ပါ......
ကလျာဝင်လာသည်နှင့် တပြိုင်နက်.....
"အဟင့် ဒယ်ဒီ သူပေါ့ ထက်ထက်ကို အနိုင်ကျင့်တာ ဟင့်......"
"ဟမ်....."
"အဟက်! ဉီးထက်မျိုးသူ မတွေ့တာကြပီ....."
ခပ်အေးအေး လေသံနဲ့ဘဲ နှုတ်ဆက်လိုက်သည်......
ထိုလူကြီးကမှာတော့ ချွေးတွေစို့လာကာ တုန်နေသည်......
"အားလုံး နေကြပါအုံးဗျာ....အံ့ကလျာနွယ်ရဲ့ အုပ်ထိန်းသူကို စောင့်လိုက်ပါအုံး.....ပြီးမှ ပြောကြရအောင်ဗျာ....."
"ကျနော်အဲ့သလောက် နောက်ကျသွားလား....."
ထပ်မံကြားလိုက်ရတဲ့အသံကြောင့် ထိုလူကြီးက အတော်ပင် ထိတ်လန့်နေလေပြီ......
"သြော် ရောက်လာပြီလား.....ဒီမှာထိုင်ပါ....."
အကုန်လုံး မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး အမွှာနှစ်ယောက်က အရှေ့က ထက်ဧကရီတို့ သားအဖကို စူးရဲနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်.......
"ဘယ်လို ဖြစ်တာလဲ အမြန်ပြော ကျွန်တော်က အားတာမဟုတ်ဘူး....."
"ဒီလိုပါ မောင်ရင်ရယ် မောင်ရင့်ရဲ့ ညီမက ဟောဒီက ဉီးထက်မျိုးသူ ရဲ့သမီးကို အနိုင်ကျင့်လို့ပါ...."
"ဘယ်နားအနိုင်ကျင့်တာလဲ....."
"လက်ကို လိမ်လိုက်တာ အဆစ်လွဲသွားတယ်တဲ့....."
"အော်မသိပါဘူး သန့်စင်ခန်းထဲဝင်ပြီး တက် မုဒိန်းကျင့်လိုက်တယ် ထင်တာ....."
နောက်ဆုံးက မင်းနွယ်ရဲ့ စကားကို ကြားပြီး ထက်ဧကရီရဲ့ မျက်နှာဟာ နီရဲကာဖြစ်သွားသလို ဘေးက ဆရာမတွေပါ ရှက်ကုန်ကြသည်......
"သူ့လို မိန်းမကို ငါကလုပ်စရာလား အများသုံးကြီးကို ငါစိတ်မဝင်စားဘူး...."
YOU ARE READING
𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞
Horror(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင်နှမ နှစ်ယောက် လောကကြီးထဲမှာ အကြမ်းတမ်းဆုံး လူသားတွေဖြစ်လာခဲ့သည် " Demonတွေက ဘယ်တုန်းက သူ့သားကောင်တွေကို လွှတ်ပေးခဲ့လို့လဲ့" သူတို့ဟာ ဘယ်သူတ...