"ဟင့်.... မာမီ...."
"ကျွတ် ကျွတ်..... အိပ်အိပ်....."
အခုဟာကတော့ မနေ့ညက ကတိမတည်ဘဲ ဇွတ်တွေအစားကြမ်းပြစ်တဲ့ မာမီအံ့ကလျာနွယ်ကြောင့် ကြောင်ပေါက်လေး နောင်နောင်မှာ အဖျားကြီး၍ ငြိနေချင်းဖြစ်သည်.....
ဆေးထိုးအပ်ကိုကြောက်သည့် နောင်နောင်လေးဟာ ဆေးလုံးဝအထိုးမခံဘဲ ကလျာအား ကပ်နေသည်....
တစ်မနက်လုံး ရင်ခွင်ထဲက မဆင်းဘဲ ကပ်သည်....
တစ်အိမ်လုံးက ဝိုင်းပြီးဂရုစိုက်တာတောင် နောင်နောင်လေးရဲ့အဖျားဟာမလျော့ ....
လူမမာအံ့ကလျာနွယ်လည်း ဆေးလဲမသောက်နိုင်သေးပါ....
ကလေးဆိုးလေးကို ဂရုစိုက်နေရတာကြောင့် အားတဲ့လူဆိုတာမရှိ.....
"ကဲ အနောင်ရေ....ဒီမှာ အကိုက အနောင်သိပ်ကြိုက်တဲ့ ပုဇွန်စွတ်ပြုတ်လေး ပြုတ်လာတယ်....သောက်လိုက်နော်...ပြီးရင် ကလျာက ဆေးတိုက်လိမ့်မယ်...."
မင်းခက အနူးညံ့ဆုံးပြောရင်း ကလေးတွေကိုချော့သလို ချော့ကာ အစားဝင်ရန် ကျွေးနေသည်.....
ဘာမျှမစားသည့်အပြင် ကလျာကိုသာ ကပ်နေတာကြောင့် အနည်းငယ် ဒုက္ခရောက်ရသည်.....
"ဟင့်အင်း.... စားချင်ဘူး....."
ကလျာ၏ ရင်ခွင်ထဲတိုးဝင်ကာ စွတ်ပြုတ်ကို ငြင်းဆန်နေသည်....
အရင်ကဆို မင်းခလုပ်ပေးတဲ့ စွတ်ပြုတ်ကို အလွန်ကြိုက်တဲ့ကောင်လေးက အခုတော့ နေမကောင်း၍ မစားပေ.....
"အနောင်ရယ်....လိမ်မာပါတယ်ကွာ....အကိုခွန့်မယ်လေ...."
ကလျာ့အား သတိမထားမိဘဲ ပါးစပ်က လွှတ်ထွက်သွားတာကြောင့် သတိရလို့ ကလျာကို ကြည့်မိတော့ လူသတ်မယ့် အကြည့်တွေနဲ့ ကြည့်နေသော သူအား တွေ့လိုက်ရသည်.....
"စားဘူး....ဟင့်...."
မျက်ရည်လေးများဝဲပြီး ရှိုက်သံတွေထွက်လာတာကြောင့် ကလျာက ရင်ခွင်ထဲက ကောင်လေးရဲ့ ခေါင်းလေးကို အသာပုတ်ကာ....
"မာမီကျွေးမယ်လေ....ဟုတ်ပီလား....ဝင်သလောက်စားရအောင်....ဒါမှ အားရှိမှာ...."
YOU ARE READING
𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞
Horror(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင်နှမ နှစ်ယောက် လောကကြီးထဲမှာ အကြမ်းတမ်းဆုံး လူသားတွေဖြစ်လာခဲ့သည် " Demonတွေက ဘယ်တုန်းက သူ့သားကောင်တွေကို လွှတ်ပေးခဲ့လို့လဲ့" သူတို့ဟာ ဘယ်သူတ...