This Part Is Warnings!!!
အံ့ရှင်းသန့် သောက်စရာတွေထားတဲ့ နေရာကို သွားလိုက်ပြီး အပြင်းစား ဝိုင်၂ခွက်ကို မှာလိုက်သည်....
ထို့နောက် ရသည်နှင့် ခွက်ထဲကို ဆေးတောင့်၂တောင့်စီ အတူတူထည့်လိုက်သည်...
မာမီပြောပုံအရ ထိုဆေးဟာ အာနိသင် ပြတာမြန်သည်ဟု သိထားပြီး ထို့အပြင် အာနိသင် ပြယ်ဖို့ အတော်လည်း ကြာသည်....
ဆေးတောင့်တွေဟာ ဝိုင်ထဲရောက်သွားသည်နှင့် အရည်ပျော်သွားကာ ပျောက်ကွယ်သွားတော့သည်....
ရှင်းသန့်က ဝိုင်ခွက်တွေကိုကြည့်ရင်း တီးတိုးရည်ရွတ်လိုက်သည်....
"ကိုကိုနွယ်နဲ့ မမနွယ်က သန့်အပိုင်ဘဲ.... "
ပြီးနောက် အပြုံးမပျက်စေဘဲ ဝိုင်ခွက်တွေကို အမွှာတွေစီ ယူသွားလိုက်သည်.....
"ဒါက ကိုနွယ်တို့အတွက် သန့်က သီးသန့်ကို ယူလာတာ...."
ပုံစံကိုကြည့်ယုံဖြင့် မသက်ာစရာကောင်းသည်ကြောင့် ကလျာ မင်းနွယ်ကို လှည့်ကြည့်လိုက်တော့ မင်းနွယ်က ခေါင်းညိမ့်ပြတာကြောင့် သောက်ဖို့သာ ဆုံးဖြတ်လိုက်သည်.....
၂ယောက်လုံး ပြိုင်တူသောက်လိုက်တာကိုကြည့်ပြီး ဒေါ်မေရှင်းဆက်နဲ့ အံ့ရှင်းသန့်တို့ အပြုံးပန်းဝေဖျာလာတော့သည်....
ဉီးအံ့ဘုန်းမာန်ကလည်း ပြုံးရောင်သန်းရင်း ကြည့်နေတော့သည်....
လည်ပင်းထဲ ပူဆင်းသွားသည်မှာ ပုံမှန်ဆိုပေမယ့် တဖြည်းဖြည်းနဲ့ တက်လာတဲ့ အပူလှိုင်းကြောင့် မျက်မှောင်ကြုံ့မိသည်....
မသိစိတ်ဟာ တစ်ခုခုကို လိုချင်နေပြီး အပူတွေဟာ ပိုမိုများပျားလာခဲ့သည်....
သေချာပေါက် သူတို့သိလိုက်သည်....
ဒါဟာ ဆေးခတ်ခံလိုက်ရပြီဆိုတာကိုပေါ့....
ကလျာ အံတင်းတင်းကြိတ်ရင်း အမူမပျက်စေရန် လက်သီးဆုပ်ထားလိုက်သည်....
မင်းနွယ်ကိုကြည့်လိုက်တော့လည်း သူ့နည်းတူ အံကိုကြိတ်ထားတာကြောင့် နားထင်ကသွေးကြောတွေကိုပါ အသိအသာမြင်နေရသည်....
YOU ARE READING
𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞
Horror(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင်နှမ နှစ်ယောက် လောကကြီးထဲမှာ အကြမ်းတမ်းဆုံး လူသားတွေဖြစ်လာခဲ့သည် " Demonတွေက ဘယ်တုန်းက သူ့သားကောင်တွေကို လွှတ်ပေးခဲ့လို့လဲ့" သူတို့ဟာ ဘယ်သူတ...