အံ့ထွဋ်မင်းနွယ် အောက်ထပ်သို့ ဆင်းလာသည်နှင့် အဝတ်ထုတ်ကိုင်ကာ ရပ်နေသော နောင်နောင့်ကို တွေ့လိုက်ရသည်....
"အနောင်....ဒါဘယ်လဲ...."
မင်းနွယ်က မေးတော့ မျက်ရည်အဝိုင်းသားဖြင့် သူ့အား စိုက်ကြည့်နေသည်....
"ကျနော် ဒီမှာမနေတော့ဘူး....ဟင့်"
ပြောရင်းနှင့် မျက်ရည်ကျကာ ငိုနေသော ကောင်လေးကို ကြည့်ပြီး မင်းနွယ်ဘာလုပ်ရမလဲ စဉ်းစားမရ....
"မင်းထွက်သွားမယ်ဆို....ကလျာအတွက်ကြ..."
ထိုသို့ပြောပြန်တော့လည်း ကောင်လေးက ပြုံးပြန်သည်.....
"မာမီက ကျနော်ရှိလို့....အခုလိုဖြစ်နေတာ..."
"မင်းကိုဘယ်သူပြောတာလဲ!"
အနောက်ကျောဘက်က အသံကြားသောကြောင့် လှည့်ကြည့်မိတော့ မာမီက သူ့အား စူးရဲစွာ စိုက်ကြည့်နေသည်....
"ကလျာ....နင်ကတော့လေ....ကောင်းကောင်းလဲမအိပ်ဘူး..."
မင်းနွယ်က သူအား ကူတွဲမည်ပြင်တော့ ကလျာက ငြင်းသည်....
"ဖြေလေ!"
"အင့်...."
ခန္ဓာကိုယ်လေးကို ဆွဲရမ်းမိတော့ ကောင်လေး၏ ငိုသံလေးထွက်လာသည်....
ထိုပုံစံကြောင့် ရင်ထဲက အကောင်မှာလည်း မြင်းစီးနေသည့်အတိုင်း လျှင်မြန်စွာဖြင့် ခုန်ပေါက်နေသည်....
"ကျစ်! ငါကိုအလေးမထားတာလား...."
မာမီ၏ စိတ်ပျက်နေသော အသံကိုကြားတော့ နောင်နောင်တစ်ယောက် ခေါင်းကို အသည်းအသန် ခါပြပြန်သည်....
ဒီကောင်လေးက ကလျာ့ကို ရူးအောင်များ လုပ်နေသလားပင်....
"ဒါဆိုဘာလဲ...."
"ဟင့်....မာမီရဲ့ လျစ်လျူရှုမှုတွေကို မခံနိုင်လို့.....အီးဟီး.... "
ထိုသို့ပြော၍ ကြမ်းပြင်ပေါ် ထိုင်ချကာ အော်ငိုနေတာကြောင့် အမွှာနှစ်ယောက်ခမျာ ကြောင်အမ်းအမ်း.....
အဆိုးဆုံးက အံ့ကလျာနွယ်.....
စောနက ဒေါသတွေတောင် ကြက်ပျောက်ငှက်ပျောက်....
YOU ARE READING
𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞
Horror(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင်နှမ နှစ်ယောက် လောကကြီးထဲမှာ အကြမ်းတမ်းဆုံး လူသားတွေဖြစ်လာခဲ့သည် " Demonတွေက ဘယ်တုန်းက သူ့သားကောင်တွေကို လွှတ်ပေးခဲ့လို့လဲ့" သူတို့ဟာ ဘယ်သူတ...