Bloody Love part- 19🖤

360 21 1
                                    

နောင်နောင်တစ်ယောက် မမနဲ့တွေ့ပြီးကထဲက ထိန်းချုပ်ရခက်နေတဲ့ နှလုံးသားအစုံကြောင့် ဘာမှလုပ်လို့မရ......

ကျောင်းသာဆင်းသွားတယ် မရဲ့အကြောင်းတွေတွေးနေတာက ရပ်မရ.....

မမရဲ့ အညိုရောင်မျက်ဝန်းတွေရဲ့ အကြည့်ဟာ အခုချိန်ထိ မေ့လို့မရ......

အတွေးစစနဲ့အတူ ကိုယ့်ဘာသာကိုယ် ပြုံးလိုက်မိသေးသည်.....

ဒါ့အပြင် မမကို ကျောင်းပေါက်မှာ တွေ့လိုက်တာကြောင့် နှုတ်ဆက်မယ်အလုပ် ကျောင်းရဲ့ Queen အံ့ရွှေရည်ဖူးကို ကားပေါ်ခေါ်သွားတာကြောင့် စိုးရိမ်စိတ်တွေက ကြီးဆိုးလာသည်......

မမက ထိုမိန်းကလေးအား နူးညံ့တဲ့အကြည့်တွေနဲ့ ကြည့်နေတာကြောင့် ဝမ်းနည်းမှုတွေဟာ အတိုင်းအစမရှိ......

လှိုက်တက်လာတဲ့ ဝမ်းနည်းမှုတွေနဲ့အတူ မျက်ဝန်းအိမ်၌ ဝေ့ဝါးလာခဲ့သည်....

"မပိုင်ဆိုင်ရသေးတော့ ဒီအတိုင်း ကြည့်နေရတာပေါ့ မမရယ်......"

မျက်ရည်တွေကို သုတ်ရင်း ထိုကျောင်းဝန်းကနေထွက်လာသည်.....

...........
..................
"ပြန်ရောက်ပါပြီ......"

*ခွမ်း*

အိမ်ပေါက်ရောက်ကာရှိသေး အိမ်ထဲက ပန်းအိုးခွဲသံတွေဟာ စီးကြိုလျက်......

"ရှိုင်းရင့်နောင်!!"

"ဗျ ဗျာဒေါ်လေး....အာ့....ဒေါ်လေး"

"လာစမ်း....."

နောင်နောင်ကို ဆံပင်ကနေဆွဲကာ အိမ်ထဲကို ဆွဲခေါ်သွားသည်.....

ဉီးရေပြားကြိမ်းစက်နေပေလို့ ဒေါ်လေးရဲ့ လက်ကိုပုက်ပေမယ့် လွှတ်မပေး ပိုလို့တောင် တင်းကာ ဆွဲလာသည်.....

"အာ့!"

"ငါ့ကို နင့်ပိုက်ဆံတွေအကုန်ပေး......ပေးစမ်း!!"

"မ မလုပ်ပါနဲ့ ဒေါ်လေးရယ်.....ဒါ ဒါက ကျနော့်ရဲ့......"

"မလိုချင်ဘူး! ပေးစမ်း! "

"အဟင့် မလုပ်ပါနဲ့....."

နောင်နောင့်ရဲ့ ပိုက်စံအိတ်ကလေးကို လွယ်အိတ်ထဲကနေ ဇွတ်ဆွဲလုကာ ပိုက်ဆံအား ယူနေသည်.....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now