to the dearest

414 47 0
                                    

မီးရောင်ထိန်ထိန်ထွန်းထားတဲ့   အခန်းတစ်ခန်းမှာ
ကင်မရာတွေအပြည့်
လူတွေဟာလည်း   သွားလိုက် လာလိုက်နဲ့     လှုပ်ရှားလို့အသက်၀င်လှသည်။

အနောက်တိုင်း၀တ်စုံကို သန့်ရပ်စွာ၀တ်ထားတဲ့
အမျိုးသားတစ်ဦးဟာ  
အခန်းရဲ့  အရေးကြီးတဲ့နေရာတစ်နေရာမှာ၀င်ထိုင်ရင်း
၀တ်စုံကို  တစ်ချက်ပြင်လိုက်ပြီး
ခုံပေါ်မှာတင်ပေးထားတဲ့    ရေဖူးကို
အဖုံးဖွင့်ရင်း  ရေတစ်ငုံစာလောက်သောက်ပြီး
လည်ချောင်းရှင်းလိုက်သည်။

ရှေ့တည့်တည့်က ခုံကို   သတင်းတင်ဆက်သူ
အမျိုးသမီးတစ်ဦးက၀င်ထိုင်သည်။
အဖွဲ့သားတွေရဲ့အချက်ပေးသံအဆုံး
ရိုက်ကူးရေးစသည်။

"မင်္ဂလာပါဆရာ"

"မင်္ဂလာပါ ဗျာ.."

"interview မစခင်ကျွန်မဆရာ့စာအုပ်ထဲက
စာကြောင်းလေးတစ်ချို့ဖတ်ပြပါရစေ"

"မေ့နိုင်လားလို့မေးရင်   ဟင့်အင်း လို့ပဲ
အမှန်တိုင်းဖြေလိုက်မယ်
မင်းကိုပြန်တွေ့ရင်
တင်းတင်းဖက်ထားပြီး  
လွမ်းနေခဲ့ရတာ  လို့ပြောမယ်
အချစ်ဆိုတာ  ကစားပွဲတစ်ခုမဟုတ်ပေမယ့်
ကိုယ်အခုထိ    အရှုံးမပေးချင်သေးဘူး
ကိုယ်မင်းကို  ချစ်ပေမယ့်......

ဒီပွဲမှာ  ကိုယ်အရှုံးမပေးပါရစေနဲ့  အချစ်ရယ်..."
                                                          
                                                            by JK

စာကြောင်းတစ်ချို့ ဖတ်ပြီးလို့အဆုံးမှာ
သတင်းတင်ဆက်တဲ့သူ(မ)က  
ကျွန်တော့်ကိုမေးခွန်းတွေမေးသည်။

"ဆရာရှင့်    မကြာခင်ကမှ   အသစ်ထွက်ထားတဲ့စာအုပ်နဲ့ပတ်သက်ပြီးတော့
လူငယ်တွေသာမက   လူလတ်ပိုင်းတွေကြားမှာပါ
အရမ်းကို  နာမည်ကြီးနေတယ်ပေါ့နော်
ဒီအကြောင်းနဲ့ပတ်သက်ပြီး   ဆရာဘာများပြောချင်ပါလဲရှင့်?"

"ကျွန်တော့်အနေနဲ့ကတော့   ကိုယ်ရေးလိုက်တဲ့စာအုပ်က   
လူကြိုက်များတဲ့အတွက်   အရမ်းကိုပီတိဖြစ်ရပါတယ်  
စာအုပ်တစ်အုပ်ရေးဖို့ဆိုတာ   မလွယ်လှဘူးလေ
ကျွန်တော့်ကိုအသိမှတ်ပြုပေးတဲ့အတွက်ရော
ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုလည်း
ကျေးဇူးတင်ချင်ပါတယ်"
  

Jinkook Kookjin short storiesWhere stories live. Discover now