Incidentally 1

688 45 0
                                    

'ယနေ့ တနင်္လာနေ့ရဲ့ မိုးလေ၀သ ခန့်မှန်းချက်အရ
ဆိုးလ် မြို့နဲ့အနီးနားမြို့တစ်၀ိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်
မနက်ဖြန်အတွက် ခန့်မှန်းချက်ကတော့......'

TV ကိုပိတ်လိုက်သည်။
ကော်ဖီခွက်ကိုစားပွဲပေါ်အသာတင်ရင်း
ပြတင်းပေါက်နား သွားရပ်ပြီး
ကောင်းကင်ကို တစ်ချက်မော့ကြည့်မိသည်။
မိုးသည်းနိုင်တယ်တဲ့ အခုထိတော့
ကောင်းကင်က ကြည်လင်နေသေးသည်။
အပြာရောင် တိမ်တိုက်တွေတောင် အဆစ်ပါသေး
မိုးရွာမယ်ဆိုလည်းရွာနိုင်ပါတယ်
ရာသီဥတုကအစိုးရတာ မဟုတ်ဘူးမလား

နံရံမှာကပ်ထားတဲ့နာရီကိုတစ်ချက်
လှမ်းကြည့်လိုက်တယ်

မနက်၇နာရီနဲ့ ၂၂ မိနစ်

ကျောင်းတက်ချိန်က မနက်၉နာရီ

ရေမိုးချိုးပြင်ဆင် ရအုံးမယ်
ဒီနေ့က တနင်္လာနေ့ ဆိုတော့ ကျောင်းတက်ရုံးတက် နဲ့ ကားလမ်းပိတ်နိုင်သည်။
နာရီ၀က်ကြို ထွက်ရမည်။

ကျွန်တော်က အထက်တန်းပြ ကျောင်းဆရာတစ်ယောက်ပါ။
ကျွန်တော့အသက်က
၂၉ ကျော်လို့ ၃၀နားကပ်နေ ပေမယ့်
လူတိုင်းကပြောသည်။
ကျွန်တော်က ရုပ်ချောတော့၂၃ ၂၄ လို့ပဲထင်ရတယ်တဲ့
အဲ့တာကလည်း ကျွန်တော်မွေးကတည်းက
ရုပ်ချောတာဆိုတော့ မျက်နှာနဲ့ပတ်သက်ပြီး
ချီးကျူးရင် ကျွန်တော်က သာမန်ပဲဖြစ်သည်။

ကျွန်တော့်နာမည်က ကင်မ်ဆော့ဂျင်ပါ
အများစုကတော့ ဆရာကင်မ် လို့ခေါ်ကြသည်။
ကျွန်တော် မိတ်ဆက်ခန်း၀င်နေတာနဲ့ပဲ
ကျောင်းနောက်ကြတော့မယ်
ကျောင်းသွားဖို့ ပြင်ဆင်ရတော့မယ်

____________________________

'ဒေါက် ဒေါက် ဒေါက်'

ဒါနဲ့ဆိုတံခါးခေါက်တာ ၁၀ကြိမ်ပြည့်တော့မည်
ဒီကလေးက ခုတိမထသေးဘူး
တစ်ဦးတည်းသော သားလေးမို့ အလိုလိုက်မိပါတယ်
အသက်ကလည်း ဟိုတစ်နေ့ကပဲ ၂၄ ပြည့်သွားပြီ
အခုထိ ဆိုးလို့ကောင်းတုန်း

"ဂျွန်ဂျောင်ဂု!
ထတော့လို့ပြောနေတယ်နော်
နေကိုလည်း ကြည့်အုံး နင့်ခြေထောက်နားရောက်နေပြီ "

Jinkook Kookjin short storiesWhere stories live. Discover now