"ဂျောင်ဂု"
"ဒါက ဘာလဲဂျင်?"
ကျောင်းခေါင်မိုးထပ်မှာဖြစ်သည်။
ဂျောင်ဂု လက်ထဲမြှောက်ပြထားတာက
ကျွန်တော့်ရဲ့ ဒိုင်ယာရီစာအုပ်...
ဒီစာအုပ်ပျောက်လို့ ကျွန်တော်ဘယ်လောက်ထိရှာခဲ့ရလဲ ဘယ်လောက်ထိ စိုးရိမ်နေခဲ့ရလဲ
သူသိမည်မဟုတ်
သိဖို့လည်း ကြိုးစားချင်မှကြိုးစားလိမ့်မည်
"မင်းဖတ်ပြီးသွားပြီမလား?""အင်း..
ငါဖတ်လိုက်တယ်"အဲ့တာနဲ့ ဘာလို့များလာမေးနေသေးလဲ
အခုလောက်ဆို ကျွန်တော်သူ့အပေါ်ထားတဲ့ ခံစားချက်တွေအားလုံး သူတစ်ယောက်တော့သိပြီးလောက်ရောပေါ့
သူသိသွားလို့လည်း ကျွန်တော့်အပေါ် သူစိတ်ပြောင်းသွားဖို့ လုံးလုံးမမျှော်လင့်ပါဘူး
သူ့အပေါ်ကျွန်တော့်စိတ်တွေ အရောင်ဆိုးနေကတည်းက ကျွန်တော်မပိုင်ဆိုင်ရမှန်း
သိရက်နဲ့သဘောကျခဲ့ရုံပါ..."ငါ.."
သူဘယ်လောက်ထိ ထိတ်လန့်သွားမလဲဆိုတာကျွန်တော်သိပါတယ်
ကျွန်တော်တို့က အရင်းနီးဆုံးသူငယ်ချင်းတွေမလား
အဖြူရောင် သံယောဇဥ်ကို ကျွန်တော်ကစပြီး
အရောင်တွေဆိုးခဲ့တာ
"ဂျင်..
ငါမင်းကိုဘယ်လိုသဘောထားခဲ့လဲဆိုတာ မင်းအသိ...မင်းကငါ့အတွက် အချစ်ဆုံးသူငယ်ချင်းလို ညီလေးတစ်ယောက်လိုပဲဆိုတာ မင်းသိတယ်မလား.."
ကျွန်တော် ခေါင်းငြိမ့်မိသွားတာလား..
ကျွန်တော်သိတာပေါ့ သူကျွန်တော့်အပေါ်ဘယ်လိုသဘောထားလဲဆိုတာ
တချိန်ချိန်မှာ သူသိသွားမယ်ဆိုတာသိပေမယ့်
ဒီလောက်စောလိမ့်မယ်လို့ မထင်မှတ်တာတော့အမှန်..."ဂျောင်ဂု...
ငါပြောတာကိုနားထောင်ပေးမလား?"သူခေါင်းညိမ့်သည်။
ကျွန်တော့်ခြေလှမ်းတွေ သူ့အနားကို ဖြည်းဖြည်းချင်း လှမ်းလိုက်သည်
အကွာအေ၀းဘယ်လောက်မှမရှိပေမယ့်
ကျွန်တော့်ဘက်ကစပြီး လှမ်းလိုက်သည်
ကျွန်တော့်ဘက်က စလှမ်းခဲ့ရတဲ့ခြေလှမ်းပေါင်းတွေ မနည်းတော့....