Past

449 35 0
                                    

"သူ" မရှိလည်း  တစ်ယောက်တည်းနေသားကျလာခဲ့တယ်
အထီးကျန်ခြင်းဆိုတာ  ဘာမှန်းတောင်မသိတော့သလို
အရာရာတိုင်းဟာ ပုံမှန်အတိုင်းလည်ပတ်နေတယ်

ထားခဲ့တဲ့သူက ဘယ်လိုနေလဲမသိပေမယ့်
ကျန်ခဲ့တဲ့ ကျွန်တော်ကတော့
တစ်ယောက်တည်း နေသားကျဖို့
ကြိုးစားခဲ့ရတယ်
မေ့ပြစ်ဖို့မလွယ်ကူပေမယ့်  မေ့နိုင်အောင်ကြိုးစားနေတယ်

မိုးရွာတဲ့ညတွေဆို   နည်း​နည်းကြောက်မိရုံကလွဲ 
မိုးခြိမ်းသံကြားရင်  အရင်လိုချောင်ကပ်မနေတော့ဘူး 
ခိုနားခဲ့ဖူးတဲ့  ရင်ခွင်ဟောင်းလေးဟာလည်း 
အခုဆိုပိုင်ရှင်သစ်နဲ့
အရင်ကမိုးညတွေဆို  အနားမှာသူရှိနေလို့အိပ်ပျော်ဖို့ လွယ်ကူခဲ့ပေမယ့်
အခုမိုးညတွေမှာ ကျွန်တော်တစ်ယောက်တည်း  အိပ်ပျော်နိုင်ဖို့  မနည်းကြိုးစားခဲ့ရတယ်
ကျွန်တော် မိုးရာသီရဲ့ အထီးကျန်ခြင်းကိုမကြိုက်ဘူး

ကော်ဖီကိုလည်းမကြိုက်တော့
စာအုပ်တွေနဲ့  သီချင်းလေးတွေကိုပဲ
အဖော်ပြုခဲ့တယ်
သူ က ကော်ဖီသိပ်ကြိုက်တယ်
ကျွန်တော်က စာတွေ ကဗျာတွေနဲ့ သီချင်းလေးတွေကြိုက်တယ်
ကျွန်တော်တို့နှစ်ယောက်ဟာ အကြိုက်ချင်းမတူပေမယ့်  ရင်ခုန်သံတော့ထပ်တူကျခဲ့ပါတယ်

သူဟာ ကျွန်တော့်ထက် ၅နှစ်ငယ်ပေမယ့်
ကျွန်တော့်ရှေ့မှာဆို  ခပ်မိုက်မိုက်လူကြီးပုံဖမ်းတတ်တယ်
ကျွန်တော်နဲ့မတွေ့ခင်ကတည်းက  သူဟာ
ရည်းစားပွေရှုပ်တဲ့သူ
ကျွန်တော်နဲ့တွဲနေတုန်းလည်း 
ကောင်မလေးတွေနဲ့   တွဲသွားတွဲလာလုပ်တတ်သည်။
ကျွန်တော်မကြိုက်ဘူးပြောရင်  ချုပ်ချယ်တယ်လို့ပြောတယ်
သ၀န်တိုလို့ပါ လို့ပြောရင်  "ကျွန်တော်ကကိုကို့ ကိုပဲချစ်တာ"လို့ အယုံသွင်းတတ်သေးတယ်
သူ့အသက်က ငယ်သေးတယ်
လမ်းမှားရောက်မှာစိုးတော့  ကျွန်တော်ကပဲ
ချစ်သူလို  သူငယ်ချင်းလို  တစ်ခါတလေ အစ်ကိုတစ်ယောက်လို  စောင့်ရှောက်ပေးခဲ့တယ်
အဲ့ကြားထဲ  ကလေးဟာ ထိန်းချုပ်မှုအောက်က ရုန်းထွက်ချင်လာတယ် 

ကျွန်တော်ဟာ သူ့အတွက်ဆို အားလုံးပေးဆပ်ဖို့
အဆင်သင့်ဖြစ်ခဲ့တယ်
အသေးအမွှားကအစ  လည်းပေးဆပ်ခဲ့ပြီးပြီ
ရင်နဲ့မဆံ့အောင်လည်း  ချစ်ခဲ့တယ်
ဒါပေမဲ့  သူ့ဘက်ကတော့   ကျွန်တော့်အချစ်တွေကို   လိုသလောက်ပဲယူခဲ့တယ်ထင်တယ်
"ကျွန်တော်မှာ ကိုကို့ထက် ချစ်ရမယ့်သူရှိနေပြီ"
လို့ပြောပြီး  လမ်းခွဲဖို့ပြောတယ်
အဲ့နေ့က ကျွန်တော့်ကလေးဟာ  ကျွန်တော့်ကိုအားနာတဲ့မျက်လုံး ၀ိုင်း၀ိုင်းတွေနဲ့ ကြည့်နေခဲ့တယ်
ကျွန်တော်ဟာ  သူ့ကိုချစ်ပေမယ့် 
မချစ်တော့တဲ့သူ့ကိုတော့  တစ်ဖက်သတ်အချစ်တွေနဲ့  ဆွဲမထားချင်ခဲ့ဘူး

Jinkook Kookjin short storiesWhere stories live. Discover now