Owner 1

597 49 0
                                    

"ကင်မ်ဆော့ဂျင်!!"

ခြေလှမ်းကျဲကြီးဖြင့် မပြေးရုံတစ်မယ်
လျှောက်လာသော လူတစ်ယောက်
သေသပ်လှတဲ့ နှုတ်ခမ်းပါးပါးလေးဟာ
အံကြိတ်ထားပြီး မျက်လုံးတွေဟာ
ကျားရဲတစ်ကောင်အလား စူးရှနေသည့်
ထိုလူ့ပုံကြည့်ရုံနဲ့ စိတ်တိုနေမှန်းသိသာလှသည်။

ဒီလူသားက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်~~
အားလုံးကို အားနာပေမယ့်
အဲ့ဒီ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကကျွန်တော့်ရဲ့ ချစ်သူ~~
မျက်နှာတည်ရင်တောင် ခန့်ညားတဲ့သူ
စိတ်တိုနေရင် ပိုခန့်ညားသလိုပဲ
သူ့ရဲ့ အခုပုံစံကြောင့် ကျွန်တော်သူ့ကို ပိုသဘောကျသည်

"ကင်မ်ဆော့ဂျင်!
မင်းကို မောင်ဘာပြောခဲ့လဲ
မောင့်စကားကို မင်းအရေးမထားတာလား ဟမ်!!"

ပုခုံးပေါ်ကိုအကြမ်းပတမ်းလာတင်တဲ့
သူ့လက်နှစ်ဖက်ကို ကျွန်တော်နူးနူးညံ့ညံ့လေး
ပြန်ဆုပ်ကိုင်လိုက်သည်
တက်တူးအပြည့်နဲ့လက်တစ်ဖက်မှာက
ကျွန်တော်နဲ့ဆင်တူ လက်စွပ်လေးတစ်ကွင်း
လက်ထပ်လက်စွပ်တော့မဟုတ်
စေ့စပ်လက်စွပ်~~

"မောင်~~"

ကျွန်တော် မောင် လို့ပဲခေါ်ရသေးတယ်
ပုခုံးပေါ်က လက်တွေဟာ ပြေလျော့ပြီး
မျက်နှာ ချက်ချင်းပင်နူးညံ့သွားသည်။
မောင် ကကျွန်တော့်ကို ဘယ်လောက်ကြာကြာ
စိတ်တိုနိုင်မှာတဲ့လဲ

"ဘေဘီ!မင်းကိုမောင် အိမ်မှာနေဖို့ပြောခဲ့တယ်လေ
မင်းက မောင့်စကားဆို ဘယ်တော့လောက်မှ
နားထောင်မှာလဲ
မောင်ဘယ်လောက် စိတ်ပူနေခဲ့လဲ သိရဲ့လား
ဟမ်!"

"ငါတောင်းပန်ပါတယ်မောင်ရဲ့
ငါလည်းအိမ်မှာနေရတာ ပျင်းတယ်လေ
မောင်က အလုပ်မအားဘူးမလား
တောင်းပန်တယ်နော် နော်လို့
မောင်!"

ဂျောင်ဂုဘယ်လောက်ကြာကြာစိတ်ဆိုးနိုင်မှာတဲ့လဲ
ဂျောင်ဂု ကိုကျွန်တော် barသွားဖို့ခေါ်သည်။
သူအလုပ်မအားဘူးဆိုလို့ ကျွန်တော့်သူငယ်ချင်းနဲ့ မောင်မသိခင်ထွက်လာခဲ့ခြင်းဖြစ်သည်။
ဘယ်ကဘယ်လိုသတင်းရလို့ လိုက်လာလဲမသိတဲ့
မောင်က လူထက်အရင် အသံကအရင်ရောက်လာသည်။

Jinkook Kookjin short storiesWhere stories live. Discover now