best friend or boyfriend(1)

523 54 3
                                    

ချစ်ခြင်းမေတ္တာတွေသာ မရှိရင်
ဒီကမ္ဘာဟာ လှပမယ်မထင်ဘူး

အသွားအပြန်မရှိတဲ့ မေတ္တာမှာလည်း
အသွားတွေများပြီး ပြန်လမ်းမရှိတဲ့အခါ
ကျွန်တော်ဟာ ယောင်ချာချာနဲ့
လမ်းပျောက်တဲ့သူတစ်ယောက်လို

ပြောင်းလဲတတ်တဲ့ အရာတွေထဲမှာ
တိမ်တိုက်လေးတွေပြီးရင်
သူဖြစ်မယ်လို့ပဲ ကျွန်တော်ထင်တယ်

မင်းသူ့တစ်ယောက်တည်းကို
ကြည့်နေခဲ့သလို ငါလည်းမင်းတစ်ယောက်ထဲကိုပဲ ကြည့်နေခဲ့တယ်ဆိုတာ
မင်းကိုသိစေချင်တယ်

မင်းကိုသဘောကျတယ်ဆိုတာကို
အရင်ကမပြောခဲ့သလို အခုလည်းပြောဖြစ်မှာ မဟုတ်ဘူး
နောင်လည်းပြောဖြစ်မယ်မထင်တော့ဘူး
လွန်ခဲ့တဲ့ ၅နှစ်တည်းကအခုထိ သိမ်းဆည်းထားနိုင်ခဲ့တာ
ငါသိပ်တော်တယ်မလား

မင်းနဲ့ပတ်သက်ရင် ကဗျာတွေ စာတွေကို
တမြတ်တနိုးရေးခဲ့တယ်
ကျောင်းစာကတော့ မင်းလောက်စိတ်၀င်စားဖို့
ဘယ်ကောင်းမလဲ
မင်းကို မရည်ရွယ်ဘူးပြောပေမယ့်
ငါရေးလိုက်တဲ့ စာလေးတွေက
မင်းကိုပဲ ရည်ညွှန်းနေခဲ့တယ်
ကြာလာတော့ စာအုပ်တွေကိုပါ
လျစ်လျူရှုထားခဲ့သေးတယ်

ကျောင်းမှာ နေ့တိုင်းတွေ့နေရပေမယ့်
မလွမ်းရတဲ့နေ့ရယ်လို့မရှိဘူး
နီးရက်နဲ့​ေ၀းနေတယ်ဆိုတာ
ငါတို့ကိုပြောတာထင်တယ်

မင်းကောင်မလေးအကြောင်းပြောတော့
ငါပြုံးပြုံးကြီး နားထောင်ပေးခဲ့တယ်မလား
မင်းသိတဲ့ငါက ဟန်ဆောင်တဲ့နေရာမှာ
သိပ်တော်တာလေ

မင်းမရှိတဲ့ ငါ့ရဲ့နေ့ရက်တွေဟာ
အမည်းရောင်တွေနဲ့ ပြည့်နေမှာ
သေချာတယ်

မပိုင်ဆိုင်ရလည်းဖြစ်တယ်
သူငယ်ချင်းအဖြစ်ဆက်ရှိနေလည်းရတယ်
ဒါပေမဲ့
မင်းနဲ့​ေ၀းရမှာကိုတော့
ကြောက်မိတယ်

"ဟိတ်!"

"ဟာဗျာ လန့်သွားတာသိရဲ့လား"

ဆော့ဂျင် စာအုပ်ကိုချက်ချင်းပိတ်ပြီး
လွယ်အိတ်ထဲထိုးထည့်လိုက်သည်
အဲ့ဒါကို
ရှေ့မှာရပ်နေတဲ့ သူက ရိပ်မိသွားသည်ထင်

Jinkook Kookjin short storiesWhere stories live. Discover now