Hello!

577 59 9
                                    

Hello!!!!

LOLလေးကိုလေ အစပိုင်းမှာ နားလည်ပြီး တချို့နေရာတွေမှာ နားမလည်ဘဲဖြစ်မှာစိုးလို့ လာမေးထားတာလေးတွေကိုရော အိုင့်ဘက်က အရေးအသားမပြည့်စုံသေးလို့ မရှင်းလောက်မဲ့နေရာလေးတွေရောကို ဒီကပဲ ပြောပြပေးလိုက်တယ်နော် ။

Q- မင်းသမီးရဲ့ကျိန်စာက ဘာလို့ဂယူဘင်းတို့ကို အဲ့လောက်ထိ ဘဝတိုင်းမှာ ခံစားရစေတာလဲ ။ ကျိန်စာတိုင်းက အဲ့လိုမျိုးစွမ်းတာလား...။

ဒါက storyzinkလား အဲ့ကနေမေးထားတာ​လေးပါ ။ အဲ့တာကိုဖြေရမယ်ဆိုရင် သာမန်လူတစ်ယောက်တိုက်တဲ့ကျိန်စာက အဲ့လောက်ကြီးမစွမ်းပါဘူး.. ။ အခက်မသင့်ရင်လည်း ကိုယ့်ကျိန်စာနဲ့ကိုယ်ပြန်ထိတာမျိုးတွေလည်း ရှိတတ်တာလေးတော့ ရှိတယ်ဆိုပေမယ့်ပေါ့နော် ။ ဒါပေမဲ့ အငြိုးအတေးကြီးစွာနဲ့တိုက်ခဲ့တဲ့ ကျိန်စာတွေကတော့ တချို့ဆိူရင်ပြန်ဖြေလို့မရတဲ့အထိကို အစွမ်းထက်တယ်လို့ ဖတ်မှတ်ဖူးတဲ့အတွက် အဲ့ဒီအချက်ကို ဦးတည်ပြီးရေးခဲ့တာပါ ။

ပြီးတော့ မြန်မာမင်းဆက်တွေမှာလည်းရှိပါတယ် ။ မင်းအာဏာစက်ဆိုတာမျိုး .. ရိုးရိုးသာမန်လူထက် တော်ဝင်မျိုးနွယ်တွေက သူ့နယ်သူ့မြေမှာတော့ နှစ်ပေါင်းရာချီကြာတဲ့အထိ အာဏာစက်ရှိနေတုန်းဆိုတာမျိုးလေ ။ အဲ့လိုပါပဲ ဒီထဲက အနောက်ဆောင်မင်းသမီးကလည်း သူမရဲ့အစ်ကိုမင်းကြီးဖြစ်လာတဲ့အခါမှာ သူမကလည်း ပထမအဆင့်တော်ဝင်မင်းသမီးဖြစ်သွားတဲ့အတွက် သူမရဲ့နှုတ်ကထွက်သမျှတိုင်းက အမိန့်ဖြစ်သွားတာပါပဲ ။ အဲ့တာကြောင့် သူမတိုက်ခဲ့တဲ့ကျိန်စာက ပိုပြီးထိရောက်ပါတယ် ။ ပိုပြီးထိရောက်စေတာက အငြိုးအတေးရယ် ၊ တော်ဝင်သွေးပါတဲ့ အသက်တစ်​ချောင်းလုံးကိုပါ စတေးပြီး တိုက်ခဲ့တဲ့အတွက် သူမရဲ့ကျိန်စာက ကျိန်စာတိုက်တဲ့လူဖြစ်တဲ့ သူမကိုယ်တိုင်မဖြေပေးမချင်းမပြယ်နိုင်ပါဘူး... ။

(ဒါကတော့ အိုင်ကမြန်မာကျောက်စာအကြောင်း​တွေ
အဖတ်များထားလို့ အလစ်တဲလေး အတွေးများသွားတာမို့ အတွေးမတူတာမျိုးဖြစ်နိုင်ပါတယ် ။ )

==============

နောက်တစ်ခုက ကိုကို့ဆီရောက်လာကာစက ချန်ချန်ပြောခဲ့တဲ့စကားတွေ

Licks of Love (GyuJin)[COMPLETED]Where stories live. Discover now