-C 'mon little -

2.9K 191 42
                                    

အိုင့်ဖရုတစ်ယောက်ပူဆာထားတဲ့အတိုင်း ယုန်ကလေးချန်ချန်နဲ့ကိုကို့ရဲ့အကြောင်းလေးကို ရေးထားတာပါ.. ။ အစကသူ့ကိုပဲပေးဖတ်မလို့ပါပဲ ဒါပေမဲ့ IYNMကြောင့် မွန်းကျပ်နေခဲ့ရင် ဒါလေးဖတ်ပြီး စိတ်ဖြေလို့ရအောင် လာတင်ပေးတာပါ ။ ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းအောင်ပဲ ရည်ရွယ်ပြီးရေးထားတာမို့ အပိုင်းအများကြီးတော့ မပါလောက်ပါဘူး ။

ဒါကြောင့် ကျယ်မေ့တို့အနေနဲ့ ဒီလိုtypeမျိုးနဲ့အကြိုက်မတွေ့ရင်တော့လည်း ဆောရီးပါ ... ။ 🙇‍♀️

(Edit- မကြိုက်ရင်လည်း သူ့ကိုပဲဆဲ🙈)
....

" ချစ်လှစွာသောအိုမားရေ ကျွန်တော် ယုန်လေးတစ်ကောင်မွေးချင်လို့ပါလို့... "

ဂယူဘင်းမှာ မနေ့ညနေတုန်းက ကျောင်းကအပြန်လမ်းတွင် လမ်းထိပ်တွင်ရှိသည့် ရိုဂျယ်Pet Shopမှ ဖြူဖြူဖွေးဖွေးယုန်အုပ်လေးများအား တွေ့လာခဲ့ပြီးနောက်တွင် အိမ်ပြန်ရောက်ရောက်ချင်းမှာပင် အိုမားအား အိမ်မှာယုန်မွေးချင်ကြောင်းကို တဖွဖွနှင့်တောင်းဆိုနေခဲ့ပြီး အိုမားကတော့ သူ့စကားကို သေးသေးလေးမှပင်အဖတ်မလုပ်ဘဲ

" နင်သာ ယုန်မွေးရင် သူတို့သားပေါက်နှုန်းနဲ့
အိမ်တစ်အိမ်လုံးအမှိုက်ပုံထဲရောက်သွားသလိုဖြစ်မယ်.. ။ "

ဟုသာဆိုခဲ့ကာ ဂယူဘင်း၏ဆန္ဒအား လိုက်လျောခြင်းမပြုတာမို့ ဂယူဘင်းမှာ အခုလို အိုမားသွားလေ​ရာကိုအနောက်ကနေ တကောက်ကောက်လိုက်၍ အိုမားဆီကနေ ခွင့်ပြုချက်ရရန် မရမကပင်တောင်းနေခဲ့ပါတော့သည် ။

" နားညည်းတာ ဂယူဘင်းရာ.. စာမလုပ်ဘူးလား ။ "

ထို့ကြောင့် ဂယူဘင်း၏တဂျီဂျီလုပ်နေသည့်အသံများအား နားပူလာဟန်ရသည့်အဆုံးတွင်တော့ အိုမားက ချည်ထိုးနေရာမှထအော်လာတာမို့ ဂယူဘင်း၏မျက်နှာက ချက်ချင်းပင်စူပုတ်ပုတ်ဖြစ်သွားခဲ့ပါတော့သည် ။

" ယုန်လေးမွေးချင်တယ် ။ "

" ကင်မ်ဂယူဘင်း! ! ငြိမ်ပြီးနားထောင်နေတာ အကောင်းမှတ်မနေနဲ့.. နောက်တစ်လဆိုရင်ပဲ စာမေးပွဲရှိတယ်မဟုတ်လား .. သွား စာကြည့်နေ "

Licks of Love (GyuJin)[COMPLETED]Where stories live. Discover now