- Is ChenChen A Liar???-

1K 148 50
                                    

" ဟဲ့ ဂယူဘင်း နင့် နင့်ယုန်က ငါ့ကိုစိုက်ကြည့်နေတယ်ဟ... လုပ် လုပ်ဦး!! "

စင်ဒီသည် ချစ်စရာယုန်ကလေး၏ အကြည့်များက သူမအပေါ်တွင်သာ ဦးတည်နေသည်တွင် အစပိုင်းတုန်းကတော့ သဘောတကျ​ဖြစ်နေမိသော်လည်း သူမဆီကနေ လုံးဝအကြည့်မခွာဘဲ စက္ကန့်မလပ်စိုက်ကြည့်နေသည့်အခါတွင်တော့ နံဘေးတွင်ထိုင်နေသည့် ဆွန်းအွန်းအနားသို့တိုးကပ်သွားရတော့ကာ ထိုင်သည့်နေရာလဲပေးရန် ပြောရပါတော့သည် ။ သို့ပေသည့် သူမဘယ်လောက်ပဲ နေရာပြောင်း၍ထိုင်ပါစေ .. အနှီယုန်လုံးလေးက သူ့သခင်၏ရင်ခွင်ထဲတွင်ထိုင်ကာဖြင့် သူမကိုသာ အကြည့်မခွာတမ်းကြည့်နေသည့်အခါတွင်တော့ စင်ဒီက တဖြည်းဖြည်းနှင့်လန့်လာကာ ယုန်ပိုင်ရှင်အား အော်ပြောလိုက်ရပါတော့သည် ။

ထိုအခါ သူမ၏အားကိုးရလွန်းသောသူငယ်ချင်းဖြစ်သူသည်

"နင်က ငါ့ကလေးလေး မျက်စိဆံပင်မွှေးစူးအောင် နေလို့နေမှာပေါ့... ။ "

ဟုသာပြောကာ သူ့ယုန်သူငုံ့၍နမ်းနေသည့်အခါတွင်တော့ စင်ဒီမှာ သူမနှင့်မျက်နှာချင်းဆိုင်နေရာမှ ဂယူဘင်းအား လက်ထဲမှစာအုပ်ကို ကျစ်နေအောင်လိပ်၍ လှမ်းရိုက်ရန်ရွယ်လိုက်ပါသော်လည်း သူမလက်အမြှောက်မှာပင် ယုန်​ဖြူလုံးလေးသည် သူ့သခင်၏ရင်ခွင်ထဲကနေ ပြေးထွက်လာကာ စင်ဒီ့လက်ထဲမှစာအုပ်အား လက်ပိစိလေးများဖြင့် ပုတ်ထုတ်လာသည့်အခါတွင်တော့ ယုန်ဖြူလုံးလေး၏ရုတ်တရက်ဆန်လှသည့်တိုက်ခိုက်မှုအား စင်ဒီသာမကဘဲ စားပွဲဝိုင်းမှလူအကုန်လုံးကပါ စားပွဲပေါ်တွင်နှုတ်ခမ်းမွှေးလေးများပင်ထောင်ကာ စိတ်ဆိုးနေဟန်ရသည့်ယုန်ဖြူလုံးလေးကိုသာ ကြောင်၍ကြည့်နေခဲ့ကြပါတော့သည် ။

" ဟ! ဂယူဘင်း မင်းယုန်ကအတတ်လေးပါလားကွ ။ ငါ့ကိုပေးချီစမ်းပါ .. ။ ချစ်စရာလေး "

ပိတ်ရက်တွင် စာလာလုပ်သည်ဟုဆိုသော်လည်း လက်တွေ့မှာတော့ ဂယူဘင်းအိမ်မှရေခဲသေတ္တာထဲတွင် ရှိသမျှမုန့်များအား တစ်ခုပြီးတစ်ခုဖောက်၍စားနေသည့် ရစ်ခီက ယုန်ဖြူလုံးလေး၏ ချစ်စရာအပြုအမူလေးအား သဘောတကျဖြင့် စားပွဲပေါ်တွင်ဝပ်နေသည့်ဂယူဘင်း၏ယုန်ကလေးအား ပွေ့ချီကြည့်ရန်ပြင်လိုက်ပါသော်လည်း ရစ်ခီတစ်ယောက်ထိုင်နေရာမှထလာသည်နှင့် ယုန်ကလေးက သူ့သခင်ဆီသို့ပြန်ပြေးသွား၍ ရစ်ခီမှာ ဂယူဘင်းနှင့်ယွန်းဆောတို့နှစ်ယောက်အကြားတွင် မနည်းတိုး၍ ဝင်ထိုင်လိုက်ပါတော့သည် ။

Licks of Love (GyuJin)[COMPLETED]Where stories live. Discover now