- Come back home-

749 136 21
                                    

" ချန်ချန် အိမ်ရောက်ပြီ... ။ လူပုံစံလေးပြောင်းလိုက်တော့နော် ။ "

"..."

" ကိုကို့ရဲ့ကလေးလေးကို အများကြီးလွမ်းနေတာကွာ ဖက်ထားဦးမယ်...။ "

ဂယူဘင်းက ရင်ခွင်ထဲတွင်ပွေ့ပိုက်ထားခဲ့သည့် အဖြူလုံးလေးအား ရှုပ်ပွနေသည့်ဧည့်ခန်းထဲမှ တိုလီမုတ်စပစ္စည်းများအား အမြန်ဖယ်ချရင်းဖြင့် နေရာလွတ်သွားသည့်ဆိုဖာထက်တွင် ထိုင်ရန်ချပေးလိုက်ပြီးမှဆိုလိုက်ပါလျှင် ချန်ချန်ပေါက်က ဂယူဘင်းအား အရည်လဲ့နေသောမျက်ဆံနက်နက်လေးများဖြင့် ပြန်၍ကြည့်လာခဲ့ပါသည် ။

" ကိုကို့ကို လွမ်းနေတာလားဟုတ်လား... ။ "

ထို့ကြောင့် ဂယူဘင်းမှာလည်း ယုန်ဖြူလုံးလေးကို အသည်းယားစွာနှင့် ခပ်ရဲရဲနှာခေါင်းထိပ်လေးအားလက်ညှိုးဖြင့်တစ်ချက်တို့ထိလိုက်ပြီးမှ အသံကိုနှိမ့်၍ပြောလိုက်ပါသည် ။ ဂယူဘင်းမှာသူသာထိုသို့မထိတထိနှင့်သွား၍စလိုက်ပါက ချန်ချန်လေးက သူ့အပြုအမူအားသဘောတကျဖြစ်သွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း လက်တွေ့မှာတော့ သူ့ကိုသာ မျက်ဆံနက်နက်လေးများဖြင့် မဝံ့မရဲကြည့်လာသည်ကို တွေ့လိုက်ရသည့်အတွက် ဂယူဘင်းက အနည်းငယ်မျှသော သံသယစိတ်တို့ဝင်သွားရကာ

" ကိုကို့ကိုစိတ်ကောက်နေတာလား ချန်ချန်လေး... ။ "

ဟုပြန်၍မေးလိုက်ပါလျှင် ဂယူဘင်း၏ချန်ချန်ပိစိလေးက ဝပ်ဝပ်ကလေးထိုင်၍ငြိမ်နေရာမှ တရွေ့ရွေ့နှင့် ကြမ်းပြင်ပေါ်တွင်ထိုင်နေသည့်ဂယူဘင်း၏ပေါင်ပေါ်သို့ ခုန်ဆင်းလာကာ ဂယူဘင်း၏လက်ဖမိုးပေါ့သို့ သူ့လက်ပိစိလေးများဖြင့်နှစ်ချက်မျှထိပုတ်လာသည်မို့ အကောင်ပေါက်၏ထိုအပြုအမူများနှင့်် အသားကျနေပြီဖြစ်သည့်ဂယူဘင်းက ချန်ချန်ပြောချင်သည့်အဓိပ္ပါယ်အား ချက်ချင်းပင်ရိပ်မိလိုက်ကာ အဖြူလုံးလေးအား လက်နှစ်ဖက်ကနေကိုင်၍မြှောက်ချီလိုက်ပြီး

" ဒီလိုချီပေးရမှာလားဟုတ်လား ချန်ချန်လေး... " ဟုအရယ်တစ်ဝက်နှင့် ပြောလိုက်ပါလျှင် ယုန်ပိစိလေးဆီမှ

Licks of Love (GyuJin)[COMPLETED]Where stories live. Discover now