- Hooman ChenChen -

1K 160 68
                                    

" မင်းက ဘာကိစ္စချန်ချန်ဖြစ်ရမှာလဲ.. ။ ချန်ချန်ကငါ့ကလေးလေး "

*ကျွန်တော်လည်း ကိုကို့ကလေးလေးပဲလေ*

" ဟ!! ဘာကလေးတုန်း..မင်းကလူ ​ငါ့ကလေးလေးကယုန်လေ "

*ကျွန်တော်လည်း ယုန်ပါ*

မျက်လုံးအဝိုင်းသားဖြင့်ဆိုလာသည့်ကောင်လေးကြောင့် ဂယူဘင်းသည် ဘာမှဆက်မပြောနိုင်တော့ဘဲ စိတ်ရှုပ်စွာဖြင့်ဆံပင်များကိုသာပို၍ ဆွဲဖွနေလိုက်မိပါတော့သည် ။

သူ့သူငယ်ချင်းရစ်ခီဖတ်တတ်သည့်စာအုပ်ထဲမှာတော့ ထိုကဲ့သို့အကောင်ကနေ လူပြောင်းလာသည့်စိတ်ကူးယဥ်ဆန်ဆန်ဖြစ်ရပ်များရှိတတ်သည်ကို ရစ်ခီရှန်တဖွဖွပြောတတ်လွန်း၍ ကြားဖူးနားဝရှိပေမယ့်လည်း ဒါမျိုးတွေကိုတော့ ဂယူဘင်းကအပြင်မှာရှိလိမ့်မည်ဟုလုံးဝထင်ခဲ့မိဘဲ စာရေးသူများက စတန့်ထွင်၍ရေးသားထားသည်ဟုသာ သတ်မှတ်ခဲ့ပြီး အခုလိုကိုယ်တိုင်ကြုံတွေ့လာရသည့်အချိန်မှသာ ဘာလုပ်၍ဘာကိုင်ရမှန်းမသိစွာ​ဘဲ ကြောင်တောင်တောင့်ဖြင့် ကြည့်နေမိပါတော့သည် ။

ငါအိပ်မက်မက်နေတာများလား.. ဟုတ်တယ် အိပ်မက်ပဲနေမှာ...။

*အိပ်မက်မဟုတ်ဘူး.. တကယ်ပါကိုကို ကိုကို့ရှေ့မှာရှိနေတာချန်ချန်ပါ*

" မင်း!!! ငါ့အတွေးတွေကိုပါလိုက်ဖတ်နေတာလား...။ "

*မဖတ်လည်း ကြားနေရပါတယ် ။ *

" ဘာ!!! မင်း မင်းကဘာကြီးလဲဟ "

* ကလေးလေး... *

" ကျစ်.. မင်းရူးချင်ယောင်ဆောင်မနေနဲ့ ။ မင်းဘယ်ကလာတာလဲပြော ! မပြောရင် အခုချက်ချင်း ရပ်ကွက်ရုံးပို့ပစ်မယ် .. ။ ဘယ်ရပ်ကွက်ကလဲ မင်းမိဘတွေကဘယ်သူလဲ ။ "

* ဟိုးအပေါ်က *

ပြောပြီးသည်နှင့် မျက်လုံးလေးကလယ်ကလယ်နှင့်မျက်နှာကြက်ကို မော့ကြည့်ပြလာတာကြောင့် ဂယူဘင်းမှာ ခုနကအိပ်ချင်နေသည့်စိတ်များပင် ဆယ်ရက်လောက်ပျောက်လုမတတ်ဖြစ်သွားရပါတော့သည် ။

ငါတော့ရှင်ချင်တော့တာပဲ.. ။

" ဘယ်အပေါ်ကလဲ..အဲ့ဒီမီးဆိုင်းပေါ်ကပြုတ်ကျလာတာလား.. ။ "

Licks of Love (GyuJin)[COMPLETED]Where stories live. Discover now