-Is ChenChen Back???-

774 137 37
                                    

" ယူဂျင်းလေး ထမင်းစားမယ်လေ.. ။ "

" တော်ပြီ... "

" နို့ရောမသောက်တော့ဘူးလား.. ။ "

" အင်း.. "

လူသားများနေထိုင်သည့်အရပ်ကနေ ပြန်လာသည့်ရက်ကစ၍ သူတို့၏အငယ်ဆုံးကလေးယူဂျင်းမှာ တမှိုင်မှိုင်နှင့်ဖြစ်နေကာ ဘာကျွေးကျွေးလည်းမစားဘဲ ခေါင်းသာယမ်းပြနေပြီး အိပ်ရာထဲတွင်သာဝင်၍ ခွေခေါက်နေတာမို့ ရက်သတ္တပတ်တစ်ခုကြာလာသည့်အခါတွင်တော့ အစ်ကိုကြီးဖြစ်သည့်သူတင်မကဘဲ ဘွားဘွားတို့ကပါ အငယ်လေးအတွက် စိတ်ပူနေကြရပြီဖြစ်လေသည် ။

" ယူဂျင်းလေး .. "

မင်ဆွန်းမှာ သူ့ဘက်ကဘာပဲမေးမြန်းနေပါစေ ယူဂျင်းလေးကခေါင်းခါကာ ငြင်းဆန်နေသည့်အတွက် နောက်ဆုံးမှာတော့ သူကစိတ်ကို အဆုံးစွန်အထိလျှော့ချ၍ အိပ်ရာထဲတွင် ခွေနေသည့်ညီငယ်လေး၏အနားကို တိုးကပ်သွားလိုက်ကာ အသံကိုပါ တတ်နိုင်သမျှလျှော့ချပြီး ခပ်တိုးတိုးခေါ်လိုက်လျှင်ပဲ အိပ်ရာပေါ်က အကောင်ပေါက်ဆီမှ

" ပြန်သွားချင်တယ် " ဟူသည့်မမျှော်လင့်ထားသည့်စကားသံအား ကြားလိုက်ရတာကြောင့် မင်ဆွန်းမှာ လန့်သွားကာ မရည်ရွယ်ပါဘဲနှင့် အသံမာသွားခဲ့ရပါတော့သည် ။

" ယူဂျင်း!!! "

ဒီကလေးက တကယ်ကို မကြောက်မလန့်နဲ့.... !! အန္တရာယ်ဖြစ်မယ်မှန်းသိရဲ့နဲ့ အန္တရာယ်တွင်းထဲကို ခုန်ဆင်းနေတာ ဒါရောဆို နှစ်ခါမြောက် .. ။

" ကိုကို့ဆီပြန်ချင်တယ် ... ။ "

" သူ့ဆီပြန်ရင် မင်းဒုက္ခရောက်မှာကို သိရဲ့သားနဲ့ ... "

မင်ဆွန်းက အငယ်ဆုံးညီလ၏စိတ်ကိုသိနေသည့်အတွက် တတ်နိုင်သမျှလေသံကိုလျှော့ချကာ လေပြေအေးဖြင့် တားနေမိသော်လည်း ညီငယ်ဖြစ်သူယူဂျင်းမှာ တော်ယုံမျှခေါင်းမာသည်မဟုတ်ဘဲ သူလုပ်ချင်ရာကို ဇွတ်လုပ်တတ်ကြောင်းကို ဘွားဘွား၏အလစ်တွင် ဟိုလူသားဆီကို ခိုးထွက်သွားသည်ကိုသာကြည့်လျှင်ဖြင့် သိနိုင်သည့်အတွက် ညီငယ်အတွက် တတိယအကြိမ်အခွင့်အရေးကိုတော့ သူကဘယ်နည်းနှင့်မှ မဖြစ်လာအောင်မရရသည့်နည်းဖြင့်တားဆီးထားမည်ဖြစ်ကာ အခန်းအပြင်သို့ပင် စိတ်ချလက်ချနှင့် တစ်ယောက်တည်းလွှတ်လိုက်တော့မည် မဟုတ်ပါချေ ။

Licks of Love (GyuJin)[COMPLETED]Where stories live. Discover now