-Leave,Left,Left-

886 165 16
                                    

" ယူဂျင်းလေး လည်လို့ဝပြီမဟုတ်လား ... ပြန်လာခဲ့တော့လေ ။ "

" ဟင့်အင်း... "

ဂယူဘင်းမှာ သူ့ကိုရှေ့ထားပြီး သူ့ရင်ခွင်ထဲက ကလေးလေးအား လာခေါ်နေသည့်သူ့ထက်အနည်းငယ်ကြီးမည့်လူကို မသိပေမဲ့လည်း ကလေးလေးကတော့ သိနေဟန်ပါပင်...။ ထိုလူက လက်ကိုဆန့်တန်း၍ ခေါ်လာလျှင်ပဲ ဟင့်အင်းဟု ခေါင်းတယမ်းယမ်းလုပ်ကာဖြင့် ဂယူဘင်း၏ ရင်ခွင်ထဲကို ပို၍တိုးဝင်လာပါလျှင် ဂယူဘင်းမှာ သူ့မျက်စိရှေ့တွင်ဖြစ်ပျက်နေသည့် အခြေအနေအား တစ်ခုမှနားမလည်သည့်တိုင်အောင် ရင်ခွင်ထဲကအဖြူလုံးလေးအား တင်းတင်းကြပ်ကြပ်ပင် ဖက်ထားပေးလိုက်ပါတော့သည် ။ သို့ပါသော်လည်း ဂယူဘင်းဖက်ထားသည့်ကြားမှပင် တစ်ဖက်ကလူကနှုတ်မှ တစ်ခုခုအား ရေရွတ်လိုက်သည်နှင့်ပင် ဂယူဘင်း၏ရင်ခွင်ထဲမှ အဖြူလုံးလေးက လွတ်ထွက်သွားကာ ထိုလူ၏လက်ထဲတွင် ချန်ချန်လေးမှာ ဂုတ်ကနေဆွဲမပြီးသားဖြစ်သွားခဲ့ပါလျှင် ဂယူဘင်းက ထိုမြင်ကွင်းအားကြည့်၍ ဒေါသထောင်းခနဲထွက်သွားရကာ ချန်ချန်လေးအား သူ့ဆီသို့ပြန်ယူရန် လက်လှမ်းလိုက်ပါသော်လည်း ထိုလူက ဂယူဘင်းအား မေးတစ်ချက်သာ ဆတ်ပြလာကာ အနောက်သို့ခြေလှမ်းများကိုရွှေ့သွားခဲ့ဘပါသည် ။ ထို့နောက်တွင်တော့ မကြာလိုက်ပါ... ။ သူကြည့်နေတုန်းမှာပင် ချန်ချန့်အားကိုင်ထားသည့်လူက နေရာမှတဖြည်းဖြည်းနှင့် မြင်ကွင်းမှပျောက်ကွယ်သွားသောကြောင့် ဂယူဘင်းမှာသာ ရုတ်ချည်းဖြစ်ပျက်သွားသည့်ကိစ္စများအားနားမလည်နိုင်စွာဖြင့်နေရာတွင်ကျန်ခဲ့တော့ကာ သူ့မျက်စိရှေ့မှ လုံးလုံးပျောက်ကွယ်သွားသည့်ချန်ချန်လေး၏ နာမည်ကိုသာ တကြော်ကြော်အော်၍ခေါ်နေခဲ့မိပါတော့သည် ။

" ချန်ချန် မလိုက်သွားပါနဲ့.."

" ချန်ချန် ကိုကို့ဆီပြန်လာခဲ့ပါ.. ချန်-"

" ကိုကို ကိုကိုအဆင်ပြေရဲ့လားဟင် .. ။ "

" အင် .. ဟင် ..."

ဂယူဘင်းမှာ သူ့မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားသည့်ပုံရိပ်လေး၏အနောက်သို့ မရပ်မနားပြေးလိုက်ရင်းဖြင့် နှုတ်ကနေလည်း ချန်ချန်လေး၏နာမည်အား အော်၍ခေါ်နေရာမှ သူ့လက်မောင်းကို အတင်းလာပြီးလှုပ်ကိုင်လာသောအခါတွင်တော့ ဆတ်ခနဲနိုးသွားရပြီး တစ်ပြိုင်နက်မှာပင် မျက်လုံးများလည်းပွင့်သွားရကာ သူ့အိပ်ခန်း၏အပေါ်မှ မျက်နှာကျက်ဖြူဖြူအားတွေ့လိုက်ရမှသာလျှင် ဂယးဘင်းမှာ ခုနတုန်းက ဖြစ်ပျက်နေသည့်အရာအားလုံးမှာ အိပ်မက်ကမ္ဘာထဲတွင် ရောက်နေခဲ့သည်မှန်းကို သဘောပေါက်သွားရပါတော့သည် ။

Licks of Love (GyuJin)[COMPLETED]Where stories live. Discover now