Liquor 4

2.9K 392 44
                                    

"ဒီတစ်ညတော့ ကျောင်းသားတွေကို ဒီမှာပဲထားရမှာပဲဆရာတို့"

ရဲတပ်ကြပ်ရဲ့စကားကြောင့် Dr. Ben နဲ့ရိပေါ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ရိပေါ်က အချုပ်ခန်းဖက်ဆီ လှမ်းကြည့်ရင်း

"သူတို့အုပ်ထိန်းသူတွေကို ဖုန်းဆက်ခေါ်ခွင့်မရှိရင်တောင် ကျွန်တော်တို့ အာမခံပေးလို့ရပါတယ်။ ကျွန်တော်တို့ကျောင်းက ကျောင်းသားတွေပါ"

ရဲတပ်ကြပ်ကခေါင်းခါပြသည်။ သူက အလုပ်များနေဟန် ဖိုင်တွေတစ်ထပ်ကြီးကို ဆွဲထုတ်ရင်း

"ဒီကျောင်းသားတွေရန်ဖြစ်တာ ဒါ ပတမဆုံးမဟုတ်ဘူး ဆရာတို့။ မိဘအာမခံလို့ရတဲ့အကြိမ်ရေတောင် ကျော်နေပြီဗျ။"

"ဘာပဲဖြစ်ဖြစ် ကျောင်းသားနဲ့အချုပ်ခန်းက တစ်ခြားစီပါဗျာ။ ကျွန်တော်..."

"ဆရာတို့ မနက်မှတစ်ခေါက်ထပ်လာပေးကြပါ။ ပြီးတော့ စိတ်မပူပါနဲ့။ ဆရာတို့တပည့်တွေကို တစ်ခြားရာဇဝတ်သားတွေနဲ့ရောမထားပါဘူး။ သူတို့ချည့် သီးသန့် ထား ထားပါတယ်"

ရဲတပ်ကြပ်က ရိပေါ်ကို စကားဆုံးအောင်ပြောခွင့်မပြုဘဲ ဖြတ်ပြောလိုက်သည်။ ထို့နောက် ဖိုင်တွေတစ်ထပ်ကြီးနဲ့ အပေါ်ထပ်တက်သွားတော့သည်။ ရိပေါ်က နောက်ကလိုက်မည်ပြင်တော့ Dr. Ben က သူ့လက်ကိုဆွဲထားရင်း

"နေဦး Dr. Wang. ကျုပ် တစ်မျိုး ကြံကြည့်ဦးမယ်"

Dr. Ben မှာ ဘာအကြံအစည်တွေရှိသလဲတော့မသိ။ တစ်ခြားအခန်းကထွက်လာတဲ့ ရဲသားလေးတစ်ယောက်နဲ့စကားသွားပြောနေလေသည်။ ရိပေါ်လည်း Dr. Ben ကို စောင့်နေရင်းက စိတ်မရှည်တော့တာကြောင့် အချုပ်သားတွေထားတဲ့ အခန်းတွေဖက် ထွက်လာလိုက်သည်။

"အဲ့ဒီဖက် သွားလို့မရပါဘူး"

ရဲသားလေးတစ်ယောက်က သူ့ကိုတားထားသည်။

"သွားပါစေ။ ခဏတွေ့လို့ရမယ် ဆရာ"

အပေါ်ထပ်က ပြန်ဆင်းလာသည့် ရဲတပ်ကြပ်ကခွင့်ပြုလိုက်တာကြောင့် ရဲသားလေးက တားထားတဲ့လက်ကို ပြန်ရုတ်သွားရင်း သူ့ကို တောင်းပန်သလို ခေါင်းတစ်ချက်ဆတ်ပြသည်။

Liquor (ချစ်ဆိပ်ရည်)Wo Geschichten leben. Entdecke jetzt