Liquor 13

2.8K 281 49
                                    

မေဘယ်လ်ပင်ကို မှီရပ်နေရင်းက စီးကရက်မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်သည်။ ဆေးလိပ်သောက်ရတာ ကြိုက်တတ်သူမဟုတ်ပေမယ့် ဒီရက်ပိုင်းမှာတော့ သူ စီးကရက်တွေ သောက်ဖြစ်နေသည်။

"Dr. Wang သွားကြရအောင်ဗျာ"

"ဝယ်ပြီးပြီလားဗျ"

ရိပေါ်က စီးကရက်ကို မီးသတ်ရင်း မြေမှာ နင်းချေလိုက်သည်။ ဒီနေ့ Friday ညမို့ ရိပေါ်နဲ့ Florence တို့ နှစ်ယောက်လုံး စောပြန်လာကြသည်။ စောတယ်ဆိုတာကလည်း သူတို့စံချိန်နဲ့ဆိုရင်ဖြစ်သည်။ ခါတိုင်းရက်တွေ သန်းခေါင်အထိ အလုပ်လုပ်နေတတ်ကြသူတွေမို့ ဒီနေ့ညလိုမျိုး ညနေ ၆ နာရီခွဲမှာ ရုံးဆင်းလာကြခြင်းသည် သူတို့အတွက် စောသည်လို့ ပြောလို့ရသည်ပေါ့။

Florence က ဒီနေ့ သူ့ Apartment ကိုမပြန်တော့ဘဲ ဌာနမှာ Post Doc လာတက်နေသည့် ဗီယက်နမ်ကျောင်းသားတယောက်ရဲ့အခန်းမှာ သွားအိပ်မည်ဖြစ်သည်။ ကျောင်းသားက ဆရာ့အတွက်ညစာစီစဉ်ထားမည်။ ရိပေါ်ကိုလည်း ညစာအတူစားရန် invite လုပ်ထားပြီး Florence ကလည်း ဇွတ်ခေါ်နေတာကြောင့် လိုက်လာခြင်းဖြစ်သည်။

သူများအခန်းမှာ သွားစားမည်ဆိုတော့ တခုခုဝယ်သွားမှ ကောင်းပေမည်။ Florence က ရိပေါ်ကို ဘာမှမဝယ်စေဘဲ "လူသာလိုက်ခဲ့ပါဗျာ" ဟု ဆိုကာ သူ့ဖာသာ Drink and Snack တချို့ သွားဝယ်နေသည်။

ကျောင်းရှေ့ Mini Mart ဆိုင်ထဲကနေ ဝယ်ပြီးပြန်ထွက်လာတဲ့ Florence က စောင့်နေသည့် သူ့ကို လက်လှမ်းပြရင်း လက်ထဲကိုင်ထားသည့် အထုပ်ကိုပါ မြှောက်ပြပြီး သူ့ဆီလျှောက်လာနေသည်။ ရိပေါ်က Taxi တစီးကို လှမ်းတားလိုက်သည်။

Florence က ကားနောက်ခန်းရဲ့ တခြားဘက်အခြမ်းကို ဖွင့်ပြီး ဝင်ရန်ပြင်နေစဉ်

"ဟိုမှာ Sean မဟုတ်လားဗျ"

Florence ရဲ့စကားကြောင့် ကားနောက်ခန်းထဲဝင်ထိုင်ပြီးနေပြီဖြစ်သည့် ရိပေါ်က Florence မေးငေါ့ပြရာ လမ်းတဘက်ခြမ်းကို ကားထဲကနေပဲ လှမ်းကြည့်လိုက်သည်။ ရှောင်းကျန့်ကို Rediam ကတွဲထားပြီး parking မှာ ရပ်ထားသည့် ကားဆီသွားနေသည်။ Rediam က ရှောင်းကျန့်ရဲ့ညာလက်ကို သူမ,ပုခုံးထက် တင်ထားစေပြီး ရှောင်းကျန့်ခါးကို ဖက်ထားသည်။

You've reached the end of published parts.

⏰ Last updated: May 11 ⏰

Add this story to your Library to get notified about new parts!

Liquor (ချစ်ဆိပ်ရည်)Where stories live. Discover now