Liquor 12

2.4K 303 49
                                    

နှုတ်ခမ်းနှစ်လွှာထိကပ်သွားချိန် ထူအိအိနှုတ်ခမ်းလေးရဲ့အတွေ့ကြောင့် ရှောင်းကျန့်ခန္ဓာကိုယ်ထဲက သွေးလည်ပတ်နှုန်းတွေ မြန်ဆန်လာသည်။ ဝေးကွာနေတာကြာပေမယ့် ဒီအထိအတွေ့က သူ့ကို အခုထိသွေးဆူစေပြီး ရုန်းထွက်မရအောင် ချည်နှောင်ထားနိုင်နေဆဲပင်ဖြစ်သည်။

‌အ့...

ရုတ်တရက်ဆောင့်တွန်းခံလိုက်ရတာကြောင့် ရိပေါ်မှာ နောက်ကို ယိုင်သွားသည်။ ရှောင်းကျန့်က နှုတ်ခမ်းတွေကို လက်ခုံနဲ့ပွတ်သုတ်လိုက်ပြီး မဲ့ပြုံး ပြုံးလိုက်သည်။

"ကျွန်တော့်ကို ၂ ကြိမ်တောင်စွန့်ပစ်ခဲ့တဲ့သူကို ကျွန်တော့်ဘဝထဲ ထပ်အဝင်ခံမယ်ထင်နေတာလား"

"ကျန့်"

"တစ်ခုခုဆို ကျွန်တော့်ကို စွန့်ပစ်ဖို့ပဲရွေးချယ်ခဲ့တာမဟုတ်လား။ နှစ်ယောက်အတူရင်ဆိုင်ဖို့ ကျွန်တော့်လက်ကိုဆွဲထားဖို့ တစ်ခါမှမစဉ်းစားခဲ့ဘူးမဟုတ်လား"

"..."

ရှောင်းကျန့်က နာကျည်းစွာစိုက်ကြည့်ရင်း

"ထားခဲ့ပြီးပြီပဲလေ။ ယုံကြည်မှုဆိုတာ ပျက်စီးသွားပြီးရင် ပြန်တည်ဆောက်လို့မရတော့ဘူး"

ရိပေါ်ရဲ့မျက်နှာက စိတ်ထိခိုက်မှုကြောင့် အတော်လေးပျက်ယွင်းသွားလေသည်။ ရင်ထဲမှာလည်း နာကျင်ကြေမွသွားရသည်။ ဒါဟာ ပဲ့တင်သံထပ်တယ်ဆိုတာမျိုးများလား။

ရှောင်းကျန့်က အခန်းထဲကနေထွက်သွားပြီး လမ်းမပေါ်သို့ လှေခါးထစ်တွေအတိုင်းပြေးတက်သွားသည်။ ရိပေါ်က ခဏမျှကြောင်နေပြီးမှ အခန်းထဲကနေ ခေါင်းငိုက်စိုက်နဲ့ထွက်လာခဲ့သည်။

"Happy New Year!"

ဝန်းကျင်တစ်ခွင်လုံးမှာ မီးရှူးမီးပန်းတဒိုင်းဒိုင်းအသံတွေနဲ့ သံပြိုင်အော်သံတွေဆူညံသွားလေသည်။ လမ်းပေါ်မှာရှိနေကြတဲ့ လူငယ်စုံတွဲတစ်ချို့က တစ်ဦးကိုတစ်ဦးပွေ့ဖက်နမ်းရှုံ့လို့ နှစ်သစ်ကို ကြိုဆိုနေကြသည်။

ပျော်ရွှင်စရာနှစ်သစ်ကူးမှာ မပျော်နိုင်သူတစ်ယောက်ကတော့ ကုတ်အင်္ကျီအိတ်ထဲလက်ထည့်လို့ မီလန်မြို့ရဲ့လမ်းမထက်မှာ ဖြည်းညင်းစွာ လျှောက်နေခဲ့လေသည်။

Liquor (ချစ်ဆိပ်ရည်)Where stories live. Discover now