Liquor 11

2.3K 290 66
                                    

"Sean သူက ဘယ်သူလဲဟင်"

"ကိုယ့်ရဲ့ Ex"

Rediam က "ဝိုး" ဟု တီးတိုးရွတ်ရင်း အနောက်ကို မသိမသာလှည့်ကြည့်နေသည်။ ရှောင်းကျန့်သည် ဦးငယ်က သူတို့ကို ကြည့်နေသည်ဆိုတာ လှည့်ကြည့်စရာမလိုဘဲ သိနေတာကြောင့် တမင်ပင် Rediam ကိုအနားရောက်သည်အထိ ဆွဲဖက်ထားလိုက်သည်။

လိုအပ်သည်ထက် ပိုဂရုစိုက်ကြင်နာပြလိုက်ခြင်းအတွက် ဦးငယ်ဘယ်လိုဖြစ်နေမလဲဆိုတာကို ကားနောက်ကြည့်မှန်ကနေ ကြည့်လိုက်သည်။ တွေတွေငေးငေးကြည့်ရင်းကျန်ခဲ့တာကိုမြင်တော့ သူ့ရင်ထဲတဆစ်ဆစ်နဲ့နာကျင်လာရသည်။

ဦးငယ်ရဲ့ပုံရိပ်က တဖြည်းဖြည်းသေးငယ်သောအမှုန်အစလေးအဖြစ် ပျောက်ကွယ်သွားသည်။ ရှောင်းကျန့်က အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ ဒီလောက်တော့ သူ့ဘက်က တုန့်ပြန်ခွင့်ရှိသည်မဟုတ်လား။

"ကိုယ်ချစ်ရသူကို နာကျင်အောင်လုပ်တဲ့အခါ ကိုယ်တိုင်လည်း သူ့ထက်မလျော့တဲ့နာကျင်မှုမျိုးကို ခံစားရတတ်တယ်"

Rediam က သူ့ကိုမကြည့်ဘဲ တစ်ယောက်တည်းပြောနေသလို စကားဆိုသည်။ ရှောင်းကျန့်က မျက်မှောင်တွေကျုံ့ထားရင်း ကားမောင်းတဲ့ဆီကိုသာ အာရုံစိုက်ထားသည်။

"တို့ကို သူ့အကြောင်း ပြောပြပါလား Sean"

"ဘာမှပြောစရာမရှိဘူး။ it's just past."

ချက်ချင်းငြင်းဆိုလိုက်သည့် ရှောင်းကျန့်ရဲ့စကားကိုကြားတော့ Rediam က ခပ်တိုးတိုးရယ်နေသည်။

"just past but still touch"

ရှောင်းကျန့်ရဲ့မျက်မှောင်တွေက ပိုပြီးတွန့်ကုပ်ကွေးလာသည်။ Restaurant ရှေ့မှာ ကားကိုရပ်လိုက်ပြီးနောက် ကားပေါ်က ဆင်းလိုက်သည်။ ဧည့်ကြိုဝန်ထမ်းလေးက Rediam ဘက်ကအခြမ်းကို တံခါးဖွင့်ပေးနေသည်။ ရှောင်းကျန့်က ကားသော့ကို လှမ်းပေးလိုက်တော့ ကောင်လေးက သူ့ကားကို parking မှာသွားထားပေးလေသည်။

"ဒီဆိုင်က အီတလီလူမျိုးပိုင်တာဆိုပေမယ့် American Vibe အပြည့်ရတယ်။ တို့လည်းသဘောကျတယ်"

Rediam က ပြုံးလျက်ဆိုရင်း သူ့လက်မောင်းကို တွယ်ချိတ်လျက် ဆိုင်ထဲဝင်ခဲ့လိုက်ကြသည်။

Liquor (ချစ်ဆိပ်ရည်)Where stories live. Discover now