Liquor 2

2.6K 404 66
                                    

ကျန့်ကျန့်ကို အခန်းပြန်ပို့ရန် တံခါးခေါက်ရန်ပြင်လိုက်တော့ တံခါးက ချက်မချထားဘဲ ဟ နေသည်။ ရိပေါ်က တံခါးကို အသာခေါက်ရန်ပြင်လိုက်စဉ် ကျန့်ကျန့်က "မားမား" ဟုအော်ခေါ်ရင်း သူ့လက်ကိုဆွဲလို့ အခန်းထဲဝင်သည်။

"ဟ ပါးရဲ့ သားလေးပြန်လာပြီလားကွ"

မင်ယီက ပြောရင်း သားဖြစ်သူကို ပွေ့ချီမြှောက်လိုက်သည်။ ကျန့်ကျန့်က ဖခင်ဖြစ်သူကို အနည်းငယ်ကြောက်နေသေးဟန်ဖြင့် အတောင့်လိုက်ကလေးပါသွားသည်။ အခုတော့လည်း အစ်ကိုမင်ယီက မနေ့ညက မူးရူးသောင်းကျန်းထားသည်မှာ သူမဟုတ်လေသည့်အတိုင်း တည်တည်ငြိမ်ငြိမ်ဖြစ်နေသည်။

သူနှိပ်စက်ထားတဲ့ ရဲ့လျန်ရဲ့မျက်နှာက အညိုအမည်းတွေကို ရေခဲနဲ့ကပ်ပေးနေသည်။ ရိပေါ်ကိုတော့ အနည်းငယ်အိုးတို့အမ်းတမ်းအားနာဟန်ဖြင့် ကြည့်သည်။ ရိပေါ်က ခေါင်းညိမ့်ပြုံးပြလိုက်ပြီး

"ကျွန်တော့်ကို ခွင့်ပြု..."

"ဆရာဝမ် ထိုင်ပါဦးလား"

ပြန်ဖို့နှုတ်ဆက်စကားဆိုသည့် ရိပေါ်ရဲ့အသံနဲ့ အစ်ကိုမင်ယီရဲ့အသံက တစ်ပြိုင်တည်းထွက်သွားသည်။ ရိပေါ်ရဲ့စကားက အဆုံးမသတ်လိုက်ပေ။ အစ်မရဲ့လျန်ကလည်း သူ့ကို ပြုံးပြရင်း

"ထိုင်ပါဦးလား ရိပေါ်။ အိမ်မှာဒီနေ့ ဖက်ထုပ်ဆီချက်လုပ်စားဖြစ်တယ်။ ရိပေါ်လည်းစားသွားပါဦး။ အပြန်ကျရင် အန်တီအတွက်လည်း ထည့်ပေးလိုက်ချင်လို့လေ"

"ဟုတ်ပါတယ် ဆရာဝမ် ထိုင်ပါဦး"

အစ်ကိုမင်ယီကပါ တောင်းပန်သည့်လေသံဖြင့် ပြောနေတော့ သူ အားနာသလိုတော့ဖြစ်မိသည်။ ဒါပေမယ့် ဒီလူက မူးရင် နောက်တစ်ယောက်ပြောင်းသွားတတ်တာကြောင့် အနည်းငယ်တော့ ခပ်လန့်လန့်ဖြစ်နေသည်။

"ဦးငယ် ... သားနဲ့အတူစားကြမယ်လေနော်"

ကျန့်ကျန့်လေးက သူ့လက်ခလယ်နဲ့လက်သူကြွယ်နှစ်ချောင်းကို လာရောက်ဆုပ်ကိုင်ပြီး မော့မော့လေးကြည့်လို့ ပြောလာတဲ့အခါ သူ တင်းမထားနိုင်တော့ပေ။

"အစ်မ အခုပဲပြင်လိုက်မယ်နော်"

ရဲ့လျန်က နှုတ်ကလည်း စကားအမြန်ဆိုရင်း မီးဖိုခန်းထဲဝင်သွားပြီး မုန့်ပွဲတွေပြင်နေသည်။ အစ်ကိုမင်ယီကပါ သွားကူပေးနေသည်။ ကျန့်ကျန့်က သူ့ကိုမျှော်လင့်ချက်မျက်ဝန်းနက်နက်လေးတွေနဲ့ မော့ကြည့်နေသည်။ ရိပေါ်က ကျန့်ကျန့်ကို ပြုံးရယ်ပြလိုက်ပြီး ကျန့်ကျန့်လက်ကလေးကို ပြန်ဆုပ်ကိုင်လို့ မီးဖိုခန်းထဲဝင်လိုက်သည်။

Liquor (ချစ်ဆိပ်ရည်)Where stories live. Discover now