အပိုင်း(၇)

12.5K 1K 20
                                    

"ခင်ရေ ခင်!! "
"ဒီမာ ပန်းတွေ ခင့်အတွက် "

"ခင် ခင်"
"ကျွန်တော်အရင်ယူလာတာခင်ရဲ့!"

ခင်သည်ခပ်ယဲ့ယဲ့လေးပြုံးနေ၏။
ဒီနှစ်ယောက်မလည်းတွေ့တာနဲ့အမြဲပြိုင်ဆိုင်နေတော့တာပဲ။ ခင့်အပေါ်တော့ အသားမယူဘဲ ရိုးသားကြရဲ့။ဒါဟာ ကောင်းကွက်တစ်ခုမှန်းခင်သိပေမယ့် ပတ်ဝန်းကျင်ဟာ အဲ့ဒီ့လိုမြင်မည်မဟုတ်သည်ကိုလည်းသိ၏။

"ကဲ မောင် စားလို့ပြီးပြီမဟုတ်လား ခင်ကူသိမ်းမယ်"

မောင်ဆိုသောမိန်းကလေးသည် တွေးဆမရ။
ခုနကပဲသူ့ကိုမောင်လို့မခေါ်ပါဘူးငြင်းလျက် အခုမောင်တဲ့လေ။ခင်ဟာအပြောင်းအလဲမြန်သည်။အရူးကွက်နင်းတတ်သည့်မိန်းမ။

"ဒါတွေ ကျွန်မဆေးပေးမယ်"

"အို.....မဟုတ်တာ ခင့်အိမ်လာတဲ့ဧည့်သည်ကိုပန်းကန်ဆေးခိုင်းမှတော့ ခင်ရိုင်းရာကျပြီပေါ့"

"ထားခဲ့စမ်းပါကွယ်!မိနွယ်ဆေးလိမ့်မယ်"

ခင်သည်အိမ်ရှေ့သိုသွက်သွက်လေးလျှောက်သွားသည်။ထင်တဲ့အတိုင်း ဟိုယောကျာ်းသားနှစ်ယောက်က စကားနိုင်လုနေကြပြီ။

"ခင်ဗျားပန်းထက်ကျုပ်ပန်းကပိုလှတာ ခင်ကကျုပ်ပန်းတွေပဲယူမှာဗျ"

"အောင်မာ.... မင်းလိုပွဲစားအသေးစားလေးက ငါ့လိုမြို့အုပ်မင်းကိုယှဉ်နေသေး"
"ကြည့်နေ ခင်ကငါ့ပန်းတွေပဲယူမှာ"

"တွေ့တာနဲ့စကားနိုင်လုနေကြပြန်ပြီလား"

"နှစ်ယောက်စလုံးရဲ့ပန်းတွေခင်ယူမှာပါ"
"ရပီနော် အခု"

ထိုအခါမှသာနှစ်ယောက်သားမျက်စောင်း
တထိုးထိုးဖြင့်အိမ်ထဲဝင်လာကြသည်။
ကျန်ရစ်သည့်မိန်းကလေးကတော့ ခင့်အား လာနှုတ်ဆက်သည်။

"ကျွန်မ ပြန်အုံးမယ် အလုပ်တွေရှိသေးလို့"

ခင့်မျက်နှာဟာအနည်းငယ်ပျက်သွားပေမယ့်ချက်ခြင်းပင်ပြုံးပြပြန်သည်။ခင်ဟာသူ့အိမ်ကို လာစေချင်သည်လား၊သူ့အနားနေစေချင်တာလား ဒါမှမဟုတ် သူ့ကိုကစားနေသည်လားမတွေးတတ်။

"ပြန်လေကွယ် မောင်လဲအလုပ်ရှိမှာပေါ့ခင့်အိမ်မယ်ခေါ်ထားလို့ဘယ်ကောင်းပါ့မလဲ"

"ခင်"Where stories live. Discover now