အပိုင်း(၄)

13.7K 1K 7
                                    

"မမလေးရေ "
"မမလေး မိနွယ်ဝင်ခဲ့မယ်နော် "

"ကဲ အော်ကြီးဟစ်ကျယ် မိနွယ်ရယ် ခင်ဖြင့် ရေချိုးနေတာကိုအလန့်တကြားဖြစ်လိုက်တာ"

"မိနွယ် အပြင်ကပြန်လာတာခြံရှေ့နားမယ် မိန်းကလေးတယောက်က "ဒီယွန်းဘူးလေး
ခင့်ကိုပေးပေးပါ"ဆိုလို့ မမလေးဆီယူလာတာ"

"ထားခဲ့လေ ခင်နောက်မှဖွင့်ကြည့်လိုက်မယ်"
"ဒါနဲ့..... ထမင်းစားရင် အတူစားလှည့်ကွယ် မင်းဟာလေ ထမင်းမေ့ဟင်းမေ့ အလည်မက်နေတယ်"

ခင့်စကားကြောင့်မိနွယ်ဟာ ဇတ်ကလေးပု၍ စပ်ဖြီးဖြီးပြုံးပြသည်။

"မမ‌လေးကလည်း မိနွယ်က မမလေးမရှိတော့ပျင်းလို့ပါ ဟို...ပွဲရုံကမနက်ဖြန်မသွားရဘူးမို့လားဟင်'

ခင်ဟာအမြဲလိုပွဲရုံမသွားတတ်သည်ကိုသိ
လျက်နှင့်မေးပြန်သည်။

"ဒါပေါ့ကွယ် တို့တွေမနက်ဖြန် မုန့်ဟင်းခါးချက်စားကြရအောင်ကြီးမြင့်ကိုမနက်စောစောကူချက်မယ်"

"မိနွယ်တို့က စားရဖို့ဆိုထိပ်ဆုံးကပဲမမလေးရေ ဟီးးဟီးး"

မိနွယ်ဟာလက်ခုပ်လက်ဝါးတီးလျက်ခုန်ပေါက်နေပြန်သည်။

"ကဲပါ အောက်မယ် ထမင်းကူပြင်ပေးလိုက်အုံး ခင်အင်္ကျီလဲပြီးဆင်းလာခဲ့မယ်"

"ဟုတ်ဟုတ် မမလေး ဟီးး"

"ဒီကောင်မလေးနှယ်...ဖြေးဖြေးမသွားဘူး"

ပြုံးပြုံးရွှင်ရွှင်ဖြင့်ဆင်းသွားသည့်မိနွယ်အားကြည့်ကာခင်ပါပြုံးမိလေသည်။ဒီအရွယ်အထိမိနွယ်ဟာကလေးတစ်ယောက်လို ၊ခင့်ညီမလေးတစ်ယောက်လိုသာမြင်မိနေ‌သည်။ပတ်ဝန်းကျင်ကများမသိရင် တကယ်မိသားစုလို။ခင်ဟာ တွေးတွေးရင်းပြုံးနေမိသည်။

အတွေးတချို့ကိုဖြတ်ချကာခင်အဝတ်လဲပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။အပေါ်မှာဘယ်လောက်တောင်ကြာသွားသလဲမသိ။အပြင်ကကောင်းကင်ဟာ အုံ့မှိုင်းနေချေပြီ။
မိနွယ်သည်လည်းခင့်ထံနောက်တစ်ကြိမ်ရောက်ချလာပြန်သည်။

"မမလေး ခြံရှေ့မယ် ညနေကမိန်းကလေးရောက်နေသေးတယ် "

" ညကြီးအချိန်မတော် ဒီမိန်းကလေးနှယ်"

"ခင်"Where stories live. Discover now