အပိုင်း(၁၃)

12.5K 969 25
                                    

မောင်ပြန်သွားမှလေးပင်သောခြေလှမ်းတို့
ဖြင့်အိမ်ထဲဝင်လာရသည်။မေ့ထားပြစ်ရသောအကြောင်းအရာတို့သည်ကား အမြဲလို အနာမကျက်နိုင်သေးပေ။
အချိန်တွေတရွေ့ရွေ့ကုန်သွားပြီ ။ဥပုသ်ယူတဲ့ ကြီးမြင့်လည်းပြန်လာပြီ။ မောင်သည်လည်းပြန်သွားခဲ့ပြီ။သို့သော်ညား ခင်ကတော့ခင့်အခန်းလေးထဲမှာပဲအတွေးနယ်ချဲ့မိလေ၏။
နေဝင်သွားခဲ့ပြန်ပြီ။မှောင်ရီပျိုးချိန် ပုရစ်အော်သံ တို့သည် တဆတဆကြားနေရ၏။

သန်မာလှပါတယ်ဆိုတဲ့အမျိုးသမီးကလည်းလူတိတ်ချိန်ဆိုကြိတ်ငိုရတာပါပဲ။
ဖေဖေ၊မေမေ ခင်စိတ်မနာမိပါဘူး
အမှောင်ထဲထိုင်နေပြန်သည်။တစ်စုံတစ်ရာကိုအကြောင်းအရာမရှိတွေးတွေးဆဆငေးလေ၏ ခင့်ပုံစံပါပဲလေ။

"ရင်ခွင်မှာ..ပြစ်ပြီးလို့စိုက်နေမှ"

"ဆွဲနှုတ်ဖို့ မလုပ်နိုင်ဘူး"

"ကိုယ့်အသက်ကိုကိုယ်သနားတယ်"

"အကြင်နာတွေ ပေးပြီးလို့လက်လွန်ပြီ"

"မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး"

"မေ့ရတာမလွယ်လှပါ"

"ကြားလူတွေ ဖြတ်လို့တော့နောက်မဆုတ်ဘူးစမိတဲ့အချစ်တွေကို ရုတ်သိမ်းဖို့မတောင်းဆိုနဲ့....."

"မောင့်အသိထဲ ခင့်တစ်ယောက်ပဲ ငဲ့ညှာမယ်....တို့နှစ်ယောက်ရဲ့နိဗ္ဗာန်လေး"

"ဖျက်ပေးဖို့မတောင်းဆိုနဲ့"

"မောင်ဘယ်သူ့မှဂရုမစိုက်နိုင်....."

"မောင် မောင်ဒီအသံ မောင်ပဲ"
အခန်းထောင့်နေရာကအလျှင်အမြန်ထရသည်။ အပြင်ဝရံတာသို့မပြေးရုံတမယ် ထွက်လာရပြန်သည်။

"မောင် ပေါ့ သေချာပေါက်မောင့်အသံ"

"ခင်"

"အသံကကြားရပြီး လူကဘယ်မှာပါလိမ့် "

မောင်ဘယ်မှာလဲလို့လိုက်ရှာ နေမိသည်။ခြံထဲမှာလည်းမတွေ့အိမ်အောက်မှာလည်းမတွေ့။

"မောင်ဒီမှာ "

"ဟင်! မောင် မောင်ဒီအထဲဘယ်လိုဝင်လာတာလဲမောင်ရယ်"

"ဘယ်လိုရမလဲ ခြံအရှေ့က သူငယ်ချင်းကိုကြက်ပေါင်ကျွေး... လူလစ်တုန်း လှေကားထောင်ပီး ခင့်အခန်းနားတက်လာခဲ့တာ"

"ခင်"Where stories live. Discover now