အပိုင်း(၁၁)

12.1K 995 8
                                    

ခင့်ကားလေးသည် ပွဲရုံသို့ရောက်လာခဲ့သည်။ကားကို နေရာတကျထိုးပြီး အိတ်ကလေးဆွဲလျက် ခင့်ခြေလှမ်းများအားအင်မဲ့စွာ ပွဲရုံအတွင်းဦးတည်နေသည်။

"မမလေး လချုပ် စာရင်းတွေရယ် ပဲအသစ်စာရင်းတွေရယ်ရပြီ"

"ဒါတွေခင့်အလုပ်ခန်းထဲလာထားပေးနော် ပီးတော့ ကိုသန်းမြင့် ဆန်အိတ်တွေတချက်သွားစစ်ပေး"

"ဟုကဲ့မမလေး"

ပွဲရုံသို့ရောက်တာနဲ့ခင်အလုပ်များရလေပြီ။ သုံးနိုင်ဖြုန်းနိုင်တယ်ဆိုပေမဲ့ အလဟဿမဖြစ်စေလို.....ခင့်အလုပ်ကိုကြိုးစား၏ မလာလျင်ရသော်ညားလည်း ခင်ဟာ အလုပ်ကိုသာစိတ်နှစ်၍ရောက်အောင်လာ၏။ဒါကြောင့်လည်းခင်ဟာတွေးရခက်တာပဲ။

တစ်နေကုန် စာရင်းတွေနဲ့လည်ပတ်ပြီး ထမင်းစားချိန်မအား ညနေမှသာ ခင့်ပြန်ချိန်‌ရသည်။

"ကိုသန်းမြင့်ရေ "
"ဗျာ မမလေး"

"ခင်ပြန်တော့မယ်အဲ့တာ ကိုသန်းမြင့်က မပြန်ခင် ရုံတစ်ပတ် ပတ်ကြည့်ပေးလှည့်အုံးပီးရင်တော့ကိုသန်းမြင့်လည်းစောစောပြန်ကွယ် အိမ်ကအမျိုးသမီးကကိုယ်ဝန်လရင့်နေပြီမဟုတ်လား'

"ဟဲဟဲ ဟုတ်တယ်ဗျ အခုတလောကလေးကတအားကန်တာ"

"မွေးခါနီးရင်တော့ခင်ခွင့်ပေးမယ်လေ
ဇနီးသည်အနားနေပေးပေါ့ အခုတော့ပွဲရုံပတ်ပီးမှပြန်"

"ရပါတယ်မမလေးရ ကျွန်တော်လုပ်နေကြပါ"

"ဒါဖြင့်....ခင်ပြန်တော့မယ်"

"ဟုတ်ကဲ့မမလေး"

"အင်းအပြန်မိနွယ်ဖို့ မုန့်ဝယ်ရမယ်လမ်းကြုံမှပဲဝင်ဝယ်လိုက်တော့မယ်"

ခင့်ကားကလေးသည်အိမ်အပြန်လမ်းမှ
တရွေ့ရွေ့ ယနေ့ဖို့မောင်နှင့်ပတ်သတ်သမျှကိုအလုပ်နှင့်မေ့ထားနိုင်သည်မဟုတ်ပါလား။

"မိနွယ်ရေ"

"မမလေးပြန်လာပီ ကြီးမြင့်ရေ"

"ရော့မုန့် ညနေ ရုပ်ရှင်ကားကြည့်ရင်း
အကုန်မစားပစ်နဲ့ နောက်နေ့မျက်နှာငယ်နဲ့ဖြစ်နေမယ်"

"မိနွယ်သိပါတယ်မမလေးရဲ့ ဟီးး"

"ခင်ရေ သမီးမရှိတုန်း ဟိုကနေ့ကပန်းစိုက်ပေးတဲ့သူလာသွားသေးတယ် "

"ခင်"Where stories live. Discover now