အပိုင်း(၂)

18.3K 1.2K 12
                                    

"ဟိုး.....ကတည်းကကြည့်နေတာ ကျွန်မ
ခင့်ကို ရည်းစားစကားပြောမလို့ "

တချက်တော့ လန့်သွားပေမယ့်ခင့်အတွက် တော့မထူးဆန်း။ဒီလိုတွေကြားနေရတာ ရိုးအီနေပြီလေ။

"ချစ်စကားကြိုက်စကားဆိုတာ ခင့်လိုမိန်းမအတွက်တော့ ထမင်းစားရေသောက်ပဲကွယ်"
"တစ်ခုပဲ မင်းဟာ ခင့်လို မိန်းမတစ်ယောက်ဖြစ်နေတာကလွဲရင်ပေါ့ "

"ဒါဖြင့် ခင်ကျွန်မကို ဘယ်လိုသဘောထားမလဲ "

ခင့်စကားကိုပေါ့ပေါ့တန်တန်ပြန်ဖြေလိုက်သဖြင့် ခင့်မျက်ခုံးများတွန့်ချိုးသွားသည်။

"ခင် ဖြင့်မင်းကိုမသိရပါဘူး တစ်ခါမှလည်း မမြင်ဖူးဘူး "
"ဒီမယ်! ခင့်အနား အမြဲရှိနေတဲ့လူ‌တွေတောင် မစဉ်းစားဘူး မင်းလို အခုမှတွေ့ဖူးတဲ့မိန်းကလေးဆိုရင် ဝေးသေး"

"ဖယ်!"
"ခင်သွားစရာရှိသေးတယ် "

ထိုမိန်းကလေးပုခုံးကိုခပ်ပြင်းပြင်း တိုက်ကာထွက်သွားသည့်ခင်ရယ်ပါ ...
စိတ်အလိုမကျသည့်အတိုင်းစကားကိုတရစပ်ပြောကာထွက်လာခဲ့သည်။ဘယ့်နှယ် ခင့်ကိုရည်းစားစကားပြောမလို့ဆိုပဲ။နည်းနည်းလေးများတောင်ရင်မခုန်ရဘူး။
..............
"ကိုသန်းမြင့်!"

"ဗျာ မမလေး"

"ခင်မေး ချင်လို့ ဟိုးအရှေ့က မိန်းကလေးကို
ကိုသန်းမြင့် သိသလား"

"‌ဟိုးအရှေ့က ဆို "မောင့်"ကို ပြောတာထင်တယ် သူ့ဆိုရင်တော့သိပါ့မမလေးရယ် "

"ဒါဖြင့် ခင့်ကိုသူ့အကြောင်းပြောပြစမ်းကွယ်"

ခင်ဟာ ထိုမိန်းကလေးအကြောင်းသိလိုစိတ်ပြင်းပြနေသည်။မစဉ်းစားဘူးဟု ပြောခဲ့တာလည်း ခင်ပါပဲ သို့သော် တကူးတကလိုက်မေးနေတာလည်း ခင်ပါပဲ။

"မမလေးသိချင်ရင်ကျွန်တော် ပြောပြပါ့မယ် သူ့နာမည်က "မောင်"တဲ့ တစ်လုံးတည်းရယ်မိန်းကလေးနဲ့တော့မလိုက်ဘူးပေါ့ဗျာ
ပြီးတော့လည်း ကောင်မလေးက ခပ်ဆိုးဆိုးရယ်"

"ချောလှ မောလှပေမယ့် အထက်စီးကစကားပြောတာကြောင့် ဘယ်သူ့မှတော့ကြည့်မရပါဘူး "
"ကျွန်တော့်ကိုဖြင့် စကားပြောရင် မတူသလိုမတန်သလိုနဲ့ရယ် "

"ခင်"Where stories live. Discover now