အပိုင်း(၁၉)

10.2K 789 6
                                    

"မောင်အကဲပိုနေတာ"

"မောင်ကမထိရက်မကိုင်ရက်လေးမလို့
ဥထားရသလိုပါပဲ"
"မောင့်မိန်းကလေးလက်နုနုလေးတွေ နာကုန်ရင် မောင့်ကိုယ်မောင်အပြစ်ပေးမိမှာပဲ"

"တော်ပါ"

"ဝယ်တာလည်း များနေပြီ ပြန်ရအောင်လားခင်"

"မောင့်သဘော"
ချစ်ရသူနှင့်အတူအိမ်သို့ပြန်ခဲ့သည်။လမ်း တစ်လျှောက်သူမကိုယ်တိုင်မောင့်အိမ်အတွက်လိုသမျှပစ္စည်းတို့ကိုဝယ်လာပေးခဲ့သေးသည်။
အရာရာဟာ....နေ့ရက်တိုင်းဟာယခုလိုမောင်နှင့်အတူသာဆိုဘယ်လောက် ပျော်စရာကောင်းလိမ့်မည်မသိ။
"ဪ...မောင် မနက်ဖြန် ခရီးသွားစရာရှိတယ်"

"ဟင်"
ချင်ခြင်း မျက်နှာပျက်သွားသည့်သူမ။
လက်ကလေးအားအမိအရကိုင်ကာ ချော့မော့ပြောရမည်။
"ကုန်တွေသွားယူတာ မောင်လိုက်သွားမှဖြစ်မယ်"

"‌ဘယ်လောက်ကြာမလဲမောင်"

"တစ်ပတ်လောက်ပါပဲ အတတ်နိုင်ဆုံးမောင်အမြန်ပြန်ခဲ့မယ် "
"ဖြစ်နိုင်ရင်သွားတောင်မသွားချင်ဘူး မောင့်အချစ်ကလေးနဲ့ဝေးရာ ဘယ်ဆီမှမသွားချင်တာ မဖြစ်မနေမို့သာ"

"မောင်မရှိတုန်း စိတ်ချမယ်နော်"

"အင်းပါမောင်ရယ်အမြန်ဆုံးတော့ခင့်ဆီပြန်လာခဲ့ပါ ခင်စောင့်နေမိမှာ"

"စိတ်ချပါ မောင်အမြန်ဆုံးအလုပ်တွေအပြီးသပ်ပီး မောင့်အချစ်ဆီပြန်လာခဲ့မယ်"
သူမလက်အား နွေးထွေးစွာကိုင်ထားသည့်မောင့်အား ငေးကြည့်မိသည်။မောင်နှင့်ခွဲရအုံးမည်။ထိုမိန်းကလေးနှင့်ပတ်သတ်လျှင် အရာရာဂာပျော့ညံ့လွန်းသည်။အခုတင် မျက်ဝန်းထဲ မျက်ရည်တို့အပြည့်။
ခြံထဲကားဝင်ပြီး သူမဘက်သို့တံခါးလာဖွင့်ပေးသည့်မောင့်အား မျက်ရည်တို့မမြင်အောင်အလျှင်အမြန်သုတ်ပြစ်ရသည်။

"ဆင်း အချစ်ကလေး"

"မောင် ဟိုရောက်ရင်ကျန်းမာရေးဂရုစိုက်နော် ထမင်းပုံမှန်စား ခင့်ဆီအမြန်ပြန်ခဲ့မှရမယ်"

"စိတ်ချပါ "
"လာပါအုံး မောင်ဖက်ထားပါရစေ"
သူမထက်အရပ်အနည်းငယ်မျှရှည်သော မောင့်ရင်ခွင်ထဲမျက်နှာအပ်ထားမိ၏။မောင့်ကျောပြင်ငယ်အား တင်းကျပ်စွာ ဖက်ထားလိုက်မည်။မောင့်နှလုံးခုန်သံအား အသေအချာနားထောင် ရမည်။
"ချစ်တယ်မောင်"
~~~~~~~~~~~~~~~~~~~
မောင်ခရီးသွားတာ သုံးရက်မြောက်ရှိပြီ။အရာရာဟာပုံမှန်ဖြစ်နေသော်ညား မောင့်အားလွမ်းမိသည်။မီးရောင်ဖျဖျသာလင်း‌သော အခန်းထောင့်တစ်နေရာ တွင် သူမရှိသည်။ ဒူးနှဖက်ပေါ်မေးတင်၍တစ်စုံတရာအားစဉ်းစားနေသည်။
အေးစက်စက်ခံစားချက်နှင့်အတူ မောင့်အကြောင်းသာတွေးမိသည်။

"ခင်"Where stories live. Discover now