"ဆရာမ!!ဆရာမ!!"
ဆေးရုံထဲကိုရောက်သောအခါ reception ကိုပြေးသွားကာ Jungkook မေးသည်...ကားနဲ့လာခဲ့တာဖြစ်သော်လည်းစိတ်ပူတာကြောင့်ချွေးတွေစိုရွှဲနေသည့် Jungkook ဟာသနားစရာကောင်းလွန်းလှသည်...သူ့အနောက်ကလိုက်လာသည့် Namjoon ကလည်း Jungkook အားကရုဏာသက်စွာကြည့်နေရင်း Jungkook ရဲ့ပုခုံးပေါ်ကိုလက်တင်ကာစိတ်ငြိမ်အောင်နှစ်သိမ့်ပေးလေသည်...
"ဟုတ်ကဲ့ ပြောပါရှင် ဘာကူညီပေးရမလဲရှင့်"
"ခု...ခုနကယာဉ်တိုက်မှုနဲ့ရောက်လာတဲ့လူနာကဘယ်...ဘယ်အခန်းမှာလဲဗျ...."
"နာမည်လေးတစ်ဆိတ်လောက်ပြောပေးပါနော်...."
"Kim....Kim Taehyung ပါ...."
စိတ်လှုပ်ရှားနေတာကြောင့် Jungkook နှုတ်ခမ်းတွေပင်ဖြူဖတ်ဖြူရော်ဖြစ်ကာအသံတွေတုန်နေလေသည်...
"ဟုတ်ကဲ့...ယာဉ်တိုက်မှုနဲ့ရောက်လာတဲ့လူနာနော်...အာ...အဲ့လူနာကအခုလောလောဆယ်ခွဲခန်းဝင်နေပါတယ်ရှင့်"
ဆရာမရဲ့စကားအဆုံးမှာတော့ Jungkook ရဲ့ဒူးတွေခွေကျသွားခဲ့သည်...ကောင်တာကိုမှီလျက်အရုပ်ကြိုးပျက်ခွေကျသွားသည့် Jungkook ရဲ့ပုခုံးကို Namjoon ကထွေးဖက်ပေးထားရင်းထိန်းပေးလေသည်...
"ဆရာမ...သူ့အခြေအနေလေးသိလို့ရမလားဗျ..."
Jungkook အစား Namjoon မေးလိုက်ခြင်းဖြစ်သည်...
"ခွဲခန်းဝင်နေတာဆိုတော့အခြေအနေကိုတော့သေချာမသိနိုင်သေးပါဘူးရှင့်...ဒါပေမယ့်အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိတော့မဖြစ်နိုင်ပါဘူးရှင့်...မစိုးရိမ်ရအောင်လည်းကျွန်မတို့ဆရာဝန်တွေကအစွမ်းကုန်ကြိုးစားပေးနေပါတယ်ရှင့်...ခွဲခန်းကဒုတိယထပ်မှာပါရှင့်...သွားစောင့်နေလည်းရပါတယ်နော်"
"ဟုတ်ကဲ့ ဆရာမ...ကျေးဇူးပါနော်"
"ရပါတယ်ရှင့်.."
"Jungkook....ဘယ်လိုလုပ်ချင်လဲ...ခွဲခန်းရှေ့မှာစောင့်နေချင်လား...အကိုဘာလုပ်ပေးရမလဲဟင်..."
ကြမ်းပြင်မှာအားပျက်စွာပုံကျနေသည့် Jungkook ဘေးကိုဒူးတစ်ဖက်ထောက်လိုက်ရင်း Namjoon ကညင်သာစွာမေးသည်....