Part-3

1.1K 166 24
                                    

"Jungkook...ဘယ်လဲ"

canteen ထဲကိုပြုံးရွှင်ကာဝင်လာသည့် Jungkook ကိုမြင်သောအခါ Jimin စားပွဲကနေထလာကာ Jungkook ဆီကိုသွားပြီးမေးသည်...

"အာ...Jimin Hyung ရောက်နေပြီလား.."

"အွန်း.."

"ခဏလေးစောင့်နော် Hyung...စီနီယာ့ကိုဒါလေးသွားပေးချင်လို့"

Jungkook ကသူ့လက်ထဲမှာကိုင်ထားသည့် coffee ဘူးလေးကို Jimin ကိုပြကာပြောသည်...

"အဲ့တာက

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အဲ့တာက..."

"coffee လေ Hyung ရဲ့...ဆရာတွေရဲ့နားနေခန်းထဲကနေသွားဖျော်လာတာ စီနီယာ့ကိုသောက်စေချင်လို့ စီနီယာကအခါးမကြိုက်လို့နည်းနည်းလေးချိုအောင်လုပ်ခဲ့တာ အရမ်းချိုရင်လည်းချောင်းဆိုးမှာစိုးလို့ ဟီးးး"

Jimin ကိုပြုံးပြကာပြောနေသည့် Jungkook ဟာချစ်ဖို့ကောင်းလွန်းလှသည်...

"Hyung ဖို့ကျဖျော်မလာဘူးနော် တော်တော်အားကိုးရတယ်"

Jimin က Jungkook ကိုမျက်စောင်းလေးထိုးကာပြောသည့်အခါ Jungkook အားနာသွားလေသည်...

"Hyung ကလည်း...နောက်နေ့ကျရင်ဖျော်ပေးမယ်နော်..."

"အေးပါ Hyung ကစတာပါ Hyung လိုက်ခဲ့ရအုံးမလား"

"ရတယ် Hyung မလိုက်နဲ့ ခဏစောင့်နော် coffee ကတော်တော်ပူပူလေးပဲရှိသေးတယ် စီနီယာကိုပူပူလေးသောက်စေချင်လို့"

"အေးအေး..."

Jungkook ကော်ဖီဘူးလေးကိုကိုင်ကာ Taehyung ထိုင်နေသည့်စားပွဲဆီကိုသွားလိုက်သည်...Taehyung ကသူ့ကိုနောက်ကျောပေးထိုင်နေတာကြောင့်စားပွဲနားရောက်သည်အထိ Taehyung က Jungkook ကိုသတိမထားမိချေ...

"Taehyung...မင်းအနောက်မှာ"

Taehyung နဲ့မျက်နှာချင်းဆိုင်ထိုင်နေသည့် Taehyung ရဲ့သူငယ်ချင်းကပြောသောအခါ Taehyung ကအနောက်ကိုလှည့်လာသည်...ထိုအခါသူ့အနောက်မှာရပ်နေသည့် Jungkook ကိုမြင်လိုက်ရသောအခါမျက်မှောင်ကြုတ်လိုက်မိလေသည်...Taehyung အတွက်တော့ Jungkook ဆိုသည့်လူသားဟာကမ္ဘာပေါ်မှာမမြင်ချင်ဆုံးလူသားတစ်ယောက်အဖြစ်သတ်မှတ်ထားလေသည်...

𝑇ℎ𝑜𝑟𝑛𝑠Where stories live. Discover now