Part-12

1.1K 160 9
                                    

"ဟယ်လို..."

"ဟယ်လို...Kim Namjoon နဲ့ပြောချင်လို့ပါဗျ"

"ဟုတ်ကဲ့ ပြောနေပါတယ်"

"အာ...အစ်ကို..ကျွန်တော်က Jungkook ပါ"

"ဗျာ..ဘယ်သူ...?"

"အစ်ကိုလိုချင်တယ်ဆိုတဲ့စာအုပ်ကိုရောက်ရင်ပြောပေးပါဆိုတဲ့လူလေ...အဲ့တာအခုအစ်ကိုလိုချင်တဲ့စာအုပ်ရောက်ပြီလို့လှမ်းပြောတာ"

ထိုအခါကျမှ Namjoon မှတ်မိသွားလေတော့သည်...

"အာ...ညီ မှတ်မိပြီ မှတ်မိပြီ သတိတရလှမ်းပြောပေးတဲ့အတွက်ကျေးဇူးပါပဲကွာ"

"ရပါတယ်ဗျာ...ကျွန်တော်တတ်နိုင်သလောက်ကူညီတာပဲ"

"အားနာပေမယ့်ကူညီလက်စနဲ့အစ်ကို့ကိုတစ်ခုလောက်ကူညီပေးပါအုံး"

"ဟုတ် ပြောပါဗျ"

"အစ်ကိုကအခုအလုပ်မှာရောက်နေတာညီရဲ့ စာအုပ်ကိုလေသိမ်းထားပေးပါ့လား အစ်ကိုလာရင်ပိုက်ဆံပြန်ပေးပါ့မယ်"

"အာ...ဟုတ် ရပါတယ် ကိစ္စမရှိပါဘူး"

"ကျေးဇူးပါပဲ ညီရာ..."

"ရပါတယ်ဗျ ဟုတ်ကဲ့ အဲ့တာဆိုဒါပဲနော် အစ်ကို"

"ဟုတ်ပြီ ညီ"

Namjoon လိုချင်နေတဲ့စာအုပ်လေးကိုတစ်ချက်ကြည့်ကာကောင်တာကိုသွားပြီးပိုက်ဆံရှင်းကာသူ့လွယ်အိတ်ထဲကို Jungkook ထည့်ထားလိုက်သည်...စာအုပ်လေးရဲ့နာမည်က "Dear Pain" တဲ့...စာအုပ်နာမည်ကိုပါးစပ်ကနေရေရွတ်မိကာခေါင်းထဲကိုဝင်ရောက်လာသည့် Taehyung ရဲ့ပုံရိပ်ကိုခေါင်းခါကာဖျောက်လိုက်သည်...သူ့အားနာကျင်မှုပေါင်းစုံပေးခဲ့သည့်သူတစ်ယောက်ကိုမှတမ်းတမ်းစွဲဖြစ်နေမိသည့်သူ့ကိုယ်သူလည်း Jungkook မုန်းလှပါပြီ...
.
.
.
"Taehyung...ဒီတစ်ပတ် presentation အတွက်စဉ်းစားပြီးပြီလား"

Taehyung နဲ့အတူတူ presentation လုပ်ဖို့တစ်ဖွဲ့တည်းကျသည့် Hyunsik ကပြောသည်...

"စဉ်းစားနေတုန်းရှိသေးတယ် ငါ့အထင်တော့စာကြည့်တိုက်သွားရမယ်ထင်တယ် ငါလိုချင်တဲ့အချက်တွေက website တွေမှာရှာလို့မရဘူး စာအုပ်တွေထဲကရှာကြည့်ရမှာ"

"အွန်း အဲ့တာဆိုအခုသွားကြမလား"

"အွန်း မင်းအားရင်သွားမယ်လေ"

𝑇ℎ𝑜𝑟𝑛𝑠Where stories live. Discover now