"ကြိုဆိုပါတယ်"
ဆိုင်တံခါးဖွင့်သံကြားလိုက်တာကြောင့်စားပွဲတွေကိုသုတ်နေရင်း Jiseung ပြောသည်...ဆိုင်ထဲကိုဝင်လာသည့်သူကိုလှမ်းကြည့်လိုက်တော့ဟိုတစ်နေ့က Jungkook ကိုမေးသည့်သူဖြစ်သည်...
"ကြိုဆိုပါ..."
"Jungkook မရှိဘူးလားအစ်ကို"
"ဗျာ...!!အာ...Jungkook ကအလုပ်ထွက်သွားပြီဗျ..."
Jiseung ကနားမလည်သလိုခေါင်းကုတ်ရင်းပြောသည်...
"ဗျာ!!အော်...ဟုတ် ကျေးဇူးပါပဲ....."
Jungkook ကိုတွေ့ဖို့အားကြိုးမာန်တက်နဲ့သတ္တိမွေးကာလာခဲ့ရသည့် Taehyung ဟာအခုတော့ကြားလိုက်ရသည့်သတင်းကြောင့်ခေါင်းငိုက်စိုက်ကျကာအားပျက်သွားလေသည်...Jungkook ဟာသူ့ကိုမမြင်ချင်ရလောက်တဲ့အထိမုန်းတီးနေတာပဲဟုတွေးလိုက်တိုင်းရူးမတတ်ခံစားရလေသည်....
"ဟို...ကျွန်တော်ဘာကူညီပေးရမလဲ အရေးကြီးလို့လား"
စိတ်ပျက်လက်ပျက်နဲ့တွေဝေကာရပ်နေသည့် Taehyung ကိုကြည့်ကာ Jiseung ပြောသည်....
"အဲ့တာဆိုကျွန်တော့်ကို Jungkook ရဲ့ဖုန်းနံပါတ်ပြောပြလို့ရမလား...."
Jiseung ရဲ့စကားကြောင့် Taehyung အနည်းငယ်အားတက်သွားလေသည်...
"အာ...ရပါတယ်"
Jiseung လည်းဖုန်းထုတ်ကာ Jungkook ရဲ့ဖုန်းနံပါတ်ကို Taehyung အားပြောပြလိုက်လေသည်...
"ကျေးဇူးပါပဲ အစ်ကို"
"ဟုတ်...ရပါတယ်ဗျ"
Jiseung ကိုကျေးဇူးတင်စကားပြောကာနှုတ်ဆက်ပြီးထွက်လာခဲ့သည်....Jungkook ကိုချက်ချင်းဖုန်းဆက်လိုက်ချင်ပေမယ့်အလုပ်များရှုပ်နေမလားဆိုပြီးတွေးလိုက်မိသည်...ထို့ကြောင့်ညကျမှဆက်ဖို့ဆုံးဖြတ်လိုက်သည်...
.
.
.
"ဟယ်လို...Jimin Hyung..""Jungkook...နေကောင်းရဲ့လား"
"ဟုတ် ကောင်းပါတယ် Hyung ရဲ့ ဘာလို့လဲ"
"ဒီတိုင်းစိတ်ပူလို့...အလုပ်ကရောအဆင်ပြေရဲ့လား"
ကြက်စွပ်ပြုတ်ဆိုင်မှာအလုပ်မလုပ်တော့သည့်အကြောင်းကို Jimin ကိုမပြောရသေးပေ...