"မင်းကိုငါချစ်တယ် Jeon Jungkook!!မင်းအပေါ်မှာမှားခဲ့တဲ့အမှားတွေအတွက်ပြန်ပြင်ပြီးတော့မင်းကိုငါပျော်စေချင်တယ်...ဒါပေမယ့်...ဒါပေမယ့်အခုလိုတစ်ပြင့်သူတစ်ယောက်နဲ့ပျော်နေတာကိုမမြင်ချင်ဘူး ဟုတ်တယ် မင်းပြောသလိုငါကတစ်ကိုယ်ကောင်းဆန်တဲ့လူ၊အကျင့်စာရိတ္ထမကောင်းတဲ့သူ...အခုလည်းငါတစ်ကိုယ်ကောင်းဆန်ချင်တယ် ငါနဲ့...ငါနဲ့ပဲမင်းကိုပျော်စေချင်တာ...ငါ့အမှားတွေကိုပြန်ပြင်ခွင့်ပေးပါ...ငါကဒုတိယအခွင့်အရေးနဲ့ထိုက်တန်တဲ့သူမဟုတ်ပေမယ့်ကျေးဇူးပြုပြီးဒုတိယအခွင့်အရေးပေးပေးပါ...."
Jungkook ရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားရင်းပြောနေသည့် Taehyung ရဲ့အသံထဲတွင်အသနားခံမှုတွေပျော်ဝင်နေလေသည်....
"ကျွန်...ကျွန်တော်..."
"ငါတကယ်စိတ်ရင်းနဲ့ပြောနေတာပါ...Jungkook..."
"ဟင်..."
Jungkook ရဲ့လက်ကိုလက်နှစ်ဖက်နဲ့တယုတယဆုပ်ကိုင်ရင်း Taehyung ပြောသည့်အခါ Jungkook ပြန်ထူးလေသည်...
"ငါ့အမှားတွေကိုပြန်ပြင်ခွင့်ပေးပါ...မင်းကိုငါအရမ်းချစ်တယ် Jungkook...."
"ကျွန်...ကျွန်တော်စဉ်းစားအုံးမယ်...ကျွန်တော့်ကိုစဉ်းစားချိန်ပေးပါ..."
Taehyung ရဲ့လက်ထဲမှာရှိနေတဲ့သူ့လက်ကိုဆွဲယူကာ Jungkook ပြောသည်...ထိတွေ့မှုပြတ်တောက်သွားတာကြောင့် Taehyung ဝမ်းနည်းသွားပေမယ့် Jungkook ဆီကစဉ်းစားပေးမယ်ဆိုတဲ့စကားကြားလိုက်ရတာကြောင့်အခြေအနေတိုးတက်လာပြီဟု Taehyung တွေးလိုက်လေသည်...ထို့ကြောင့် Jungkook ကိုပြုံးပြကာပြောသည်...
"အွန်း...ရတယ် မင်းကြိုက်သလောက်အချိန်ယူပါ ငါစောင့်နေမယ်နော်"
"အွန်း...ခွင့်...ခွင့်ပြုပါအုံး..."
Taehyung ရှေ့ကလှည့်ထွက်ဖို့ပြင်သည့်အခါ Taehyung ကသူ့ပိုက်ဆံအိတ်ကိုကောက်ယူကာ Jungkook ဘေးမှာမတ်တပ်ရပ်လိုက်သည်...
"ငါလိုက်ပို့ပေးမယ်နော်..."
သူများအပေါ်တွင်သွေးအေးအေးဆက်ဆံတတ်သည့် Taehyung ဟာ Jungkook ရှေ့တွင်တော့ခွေးပေါက်စလေးလိုအသနားခံနေတတ်လေသည်...အခုလည်းမျက်ရည်ဝဲချင်ချင်ဖြစ်နေသည့်မျက်ဝန်းအစုံနဲ့ Jungkook ကိုသနားကမားလေးကြည့်ကာတောင်းဆိုလာလေသည်...Taehyung ကိုကြည့်ကာ Jungkook ရဲ့မျက်နှာလေးရဲတက်လာပြန်သည်...နှစ်ချီသည်အထိသဘောကျလာခဲ့ရသည့်လူတစ်ယောက်ကသူ့ကိုဖွင့်ပြောလာသည့်အပြင်အခုသူ့ရှေ့မှာပါချစ်ဖို့ကောင်းအောင်လုပ်ပြနေသည်ကို Jungkook ဘယ်လိုမှမခုခံနိုင်ပေ...