Part-2

1.2K 184 24
                                    

"Jungkook!!Jungkook!!"

အားကစားကွင်းထဲမှာ Taehyung တို့ basketball ကစားနေတာကိုထိုင်ကြည့်ရင်းငုတ်တုတ်မေ့နေသည့် Jungkook ကို Jimin ကအော်ခေါ်လေသည်

"ဟင်...ဘာ..ဘာလဲ"

"အမလေး ငါ့မှာခေါ်လိုက်ရတာ မကြားဘူးလား!!"

ထိုအခါကျမှဂုတ်ပိုးကိုလက်ဖြင့်ပွတ်ကာ Jungkook ရှက်ပြုံးလေးပြုံးမိသည်...သူများတွေနဲ့အတူတူ ရီမောကာ basketball ကစားနေသည့် Taehyung သည်ဆွဲဆောင်မှုရှိလွန်းလှသည်...ထို့ကြောင့်လည်း Taehyung ရဲ့ချောမောမှုမှာ Jungkook နစ်မျောသွားခြင်းဖြစ်သည်...

"ကြား...ကြားပါတယ် Hyung ကလည်း..."

"ငါသိနေတယ်နော် ဟွန်းဟွန်း"

Jimin က Taehyung နဲ့အတန်းတူသေည်လည်းအခန်းချင်ရမတူပေ...Jungkook ကျောင်းပြောင်းလာစကတည်းက Jungkook ကိုကူညီပေးခဲ့သည့်တစ်ဦးတည်းသောသူလည်းဖြစ်သည်...

"ဘာ...ဘာလဲ Jimin Hyung ကလည်း..."

"ကျောင်းဆင်းရင် Tteokbokki သွားစားရအောင်လို့..."

Jungkook ရဲ့မျက်လုံးကိုအုပ်ချင်နေသည့်ရှေ့ဆံပင်ပျော့ပျော့လေးကိုသပ်တင်ပေးကာ Jimin ပြောသည်...Jungkook က Taehyung ကိုအရမ်းသဘောကျကာကြိုက်နေသည်ကို Jimin သိထားသလိုသူတတ်နိုင်သလောက်လည်းကူညီပေးလေသည်...

"ဟုတ် စားမယ်လေ အာ....ပွဲတောင်ပြီးသွားပြီ Hyung ခဏလေးနော်..."

ဘေးမှာချထားသည့်ရေဘူးနဲ့ green tea ဘူးလေးကိုယူကာချွေးတွေရွှဲကာမောနေသည့် Taehyung ဆီကို Jungkook ထွက်သွားလေသည်...ဒါဟာ Jungkook ရဒ့တာဝန်တစ်ခုလို...အဲ့လိုသွားပေးတိုင်းလည်း Taehyung ကဘယ်တော့မှကျန်နေခဲ့သည့် Jimin ကတော့သက်ပြင်းချကာ Jungkook ကိုသာကြည့်နေလေသည်...

"စီ...စီနီယာ...ရေဘူး..."

ကစားသမားတွေနားသည့်ထိုင်ခုံတန်းမှာထိုင်နေသည့် Taehyung ရဲ့ရှေ့မှာရပ်ကာခေါင်းကိုငုံ့ကိုယ်ကိုကိုင်းပြီးရေဘူးလေးကမ်းပေးသည်...green tea ဘူးလေးကိုတော့လက်ထဲမှာဆုပ်ကိုင်ထားကာအနောက်မှာဝှက်ထားလေသည်...

"မလိုဘူး"

သို့သော် Taehyung ကတော့ Jungkook ပေးသည့်ရေဘူးကိုမယူဘဲကောင်မလေးတစ်ယောက်လာပေးသည့်ရေဘူးကိုသာလှမ်းယူပြီးသောက်လိုက်လေသည်...ထိုအရာကိုမြင်လိုက်သောအခါ Jungkook မျက်နှာပျက်သွားကာငိုချင်သဖြင့်မျက်လုံးကနီရဲလာလေသည်...သို့သော်မျက်ရည်မကျအောင်ထိန်းချုပ်ထားလေသည်...

𝑇ℎ𝑜𝑟𝑛𝑠Where stories live. Discover now