Part-13

1.1K 153 8
                                    

"Jungkook...?"

"ဟာ..အစ်ကိုစျေးလာဝယ်တာလား"

ဓာတ်လှေကားထဲကထွက်လာသည့် Namjoon ကိုမြင်သောအခါ Jungkook နှုတ်ဆက်ကာမေးသည်...ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်ပေမယ့်သက်တောင့်သက်သာပြောဆိုနိုင်သည်အထိ Namjoon က Jungkook ကိုနွေးထွေးမှုပေးနိုင်လေသည်...

"ဟုတ်တယ် ညီ...အထုပ်တွေများလှချည်လား အစ်ကိုသယ်ပေးမယ်လေ ပေး..."

ပြောရင်းဆိုရင်း Namjoon က Jungkook လက်ထဲကအထုပ်တွေကိုယူဖို့လက်လှမ်းသည်...

"အာ...မဟုတ်တာ ရပါတယ် ဒါနဲ့အစ်ကို့ဖို့စာအုပ်ပါလာသေးတယ် ခဏလေးနော်"

လွယ်အိတ်ထဲကစာအုပ်ကိုထုတ်ပေးဖို့အတွက်အထုပ်တွေကိုကြမ်းပြင်ပေါ်ချဖို့ပြင်လိုက်သောအခါ Namjoon ကအထုပ်တွေကိုလှမ်းယူလိုက်သည်...

"အစ်ကိုသယ်ပေးထားမယ် ရှာလိုက်..."

"မ..မဟုတ်တာဗျာ ချထားပါ လေးနေပါ့မယ်"

Jungkook ကအားနာတာကြောင့် Namjoon လက်ထဲကိုရောက်နေပြီဖြစ်တဲ့အထုပ်တွေကိုပြန်ယူဖို့ပြင်သည်...

"ကဲ...ကောင်လေးနော် အစ်ကို့ကိုမလေးစေချင်ရင်မြန်မြန်ရှာလေ..."

အထုပ်တွေကိုပြန်မပေးဘဲစာအုပ်ရှာဖို့ပဲ Namjoon ပြောလေသည်...

"ဗျာ...ဟုတ်ဟုတ်"

ထိုအခါကျမှ Jungkook လည်းပြာပြာသလဲလွယ်အိတ်ထဲကိုနှိုက်ကာ Namjoon ဖို့ဝယ်ထားသည့်စာအုပ်ကိုရှာလေသည်...စာအုပ်ဆိုင်ကဝယ်လာပြီးကတည်းကပျောက်သွားမှာစိုးတာကြောင့်လွယ်အိတ်ထဲကနေမထုတ်ဖြစ်ပေ...

"ရပြီ အစ်ကို...အထုပ်တွေပေးတော့..."

စာအုပ်တွေ့သွားသောအခါ Namjoon ရဲ့အရှေ့ကိုကမ်းပေးရင်းအထုပ်တွေကိုပြန်ယူဖို့ Jungkook ကြိုးစားသည်..

"အစ်ကိုနိုင်ပါတယ်ကွာ..."

"အစ်ကိုမနိုင်တာနိုင်တာကိုပြောတာမဟုတ်ပါဘူး အထုပ်တွေကတော်တော်လေးတယ် အစ်ကိုပင်ပန်းမှာစိုးလို့ပါဗျာ...ပေးပါ"

မီးဖိုချောင်သုံးပစ္စည်းတွေအပြင်ဟင်းချက်စရာပစ္စည်း၊လျှပ်စစ်ပစ္စည်းတွေပါပါတာကြောင့်အထုပ်တွေကနင့်တယ်ဆိုတာတော့အမှန်ဖြစ်သည်...

𝑇ℎ𝑜𝑟𝑛𝑠Where stories live. Discover now