1.7K 372 5
                                    

<Unicode>

ွဇွန်လ ခြောက်ရက်နေ့ မနက်ခင်းလေး။ သစ်ပင်တွေက မိုးကို ထိအောင် ထောင်မတ်လို့ ခစားနေကြတယ်။ စမ်းချောင်းလေးကတော့ ပြုံးပျော်ရွှင်စွာ ရေစီးဆင်းလေရဲ့။

တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်ပေါ် လေပြည်ညင်းသွေးလေးက ခပ်တိုးတိုး ဖြတ်လျှောက်သွားခဲ့တယ်။ သူ သွားရာလမ်းမှာတော့ ခြင်မတွေ ထားရစ်ခဲ့တဲ့ ဥ ပေါင်းများစွာ အပြည့်နဲ့။

နို့မိစ္ဆာက အိပ်ရာက နိုးလာပြီးတော့ အတွေးပွားမိတယ်။ သူ ဘယ်တော့မှ ဥ အပြင်ထွက်နိုင်မှာလဲ။

အဲ့နောက် သူ သိလိုက်ရတာက ဖရဲသီး ပျောက်နေတယ်။

ထောင်နဲ့ချီတဲ့ ဥတွေအကြား ဥ တစ်ရာ နှစ်ရာလောက် ပျောက်သွားတာ သူ့အတွက် အကြောင်းမဟုတ်ဘူး။

ဒါပေမယ့် အခုက ဖရဲသီး ပျောက်နေတာ။ သူ့ ဖရဲသီး။

သူ့ အနေအထားအရ စိတ်သဘောအရှိတိုင်း လှုပ်ရှားလို့မရတော့ အသံကျယ်ကျယ်နဲ့ အော်ခေါ်တာပဲ တတ်နိုင်တယ် "ဖရဲသီး! မင်း ဘယ်မှာလဲ ဖရဲသီး!"

မနက် နေထွက်ချိန်ကနေ ညနေဆည်းဆာ နေဝင်သွားချိန်ထိ သူ မရပ်မနား အော်ခေါ်နေခဲ့တယ်။

ဒါပေမယ့်လည်း သူ ဆိုတာက ခြင်တစ်ကောင်သာ ဖြစ်တယ်ရယ်။ ဥမပေါက်သေးတဲ့ ခြင်သားလောင်း တစ်ကောင်ပေါ့လေ။

အဲ့ဒီတော့ သူ ပုံမှန်မလုပ်သင့်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။

သူ ဥ ပေါက်လိုက်တော့မယ်။

ဒါက သူ့ ဘဝမှာ ပထမဆုံး လုပ်ခဲ့တဲ့အရာ။ ဘဝတဆစ်ချိုး ပြောင်းလဲပေးမယ့်အရာ။

အဲ့လိုနဲ့ နို့မိစ္ဆာက ဥ ပေါက်ဖို့ ဆုံးဖြတ်ချက် ချလိုက်လေတယ်။

ဥပေါက်ရတာ တကယ်နာတယ်။ ပြောရရင် အပြင်ထွက်ဖို့ အချိန်မှ မတန်သေးတာကိုး။

ဘာကြောင့် ဒီလောက်ထိ လုပ်ချင်မိလဲဆိုတာ သူ နားမလည်ဘူး။ ဒီအတိုင်း တွန့်လိမ်တွန့်လိမ်နဲ့ ဥထဲက ထွက်နိုင်ဖို့ပဲ သူ လုံးပန်းနေတာ။

ကြိုးစားရင်း နောက်ဆုံးမှာတော့ သူ ပိုးလောက်လန်းတစ်ကောင် ဖြစ်လာတယ်။

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now